အပိုင်း ၃၀

2.4K 296 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၃၀


ရန်ရွှေ့ချန်က သူမသဘောထားကို မြင်လိုက်ရသည်။  သူမ သဘောတူပြီးကတည်းက အဲ့ဒါကလည်း ပိုက်ဆံကိစ္စပဲလို့ သူထင်ခဲ့သည်။

ဒါဆို အဲ့တာကို ဆွေးနွေးမယ်.....

"၄၀ အဆင်ပြေလား"  ရန်ရွှေ့ချန်က သူမနဲ့ ညှိနှိုင်းခဲ့သည်။

သူမ အရမ်းစိတ်ညစ်သွားတယ်...

လင်းရှောင်ယွဲ့က  သူမနှလုံးသားထဲ အကြိမ်တစ်သန်းမက သူ့ကို မထီမဲ့မြင်ပြုခဲ့သည်။

ဒီလူက ရိုးရိုးရှင်းရှင်း အမှိုက်ကြီးပဲ။

လင်းရှောင်ယွဲ့  မျက်ဖြူလှန်လိုက်ပြီး အသံပြတ်ပြတ်နဲ့ပြောလိုက်သည်။ "၄၅၊ လစဉ်ပေးငွေ၊ အဲ့တာက အမြဲတစေမဟုတ်ဘူး"

သူနဲ့ ဘာ့ကြောင့် ဈေးဆစ်ချင်မှန်း သူမ မသိဘူး။ သူ့ရဲ့အရှက်ကင်းမဲ့မှုက ဘယ်မှာရှိလဲဆိုတာကို သူမ မြင်ချင်နေတာ ဖြစ်နိုင်သည်။

ဒီစကားထွက်လာတာနဲ့အမျှ ရန်ရွှေ့ချန်ရဲ့ အရှက်မဲ့မှုက လင်းရှောင်ယွဲ့ရဲ့ စိတ်ကူးထက် ကျော်လွန်သွားခဲ့သည်။

"ဘာလဲ။ အဲဒီအရူးက မင်းကို ကျွန်အဖြစ် ၁၉.၉ ယွမ်နဲ့ ဝယ်ခဲ့တာ မဟုတ်ဘူးလား"

ရန်ရွှေ့ချန်က မယုံနိုင်လောက်အောင် ပြုမူခဲ့သည်။ "ဘာလို့ လစဉ် ၄၅ ယွမ် ပေးရမှာလဲ။ မင်းရဲ့တစ်ကိုယ်လုံးက ဒီစျေးနဲ့တန်လို့လား"

အိုး...

အမှိုက်ကောင်

လင်းရှောင်ယွဲ့ သူ့ကိုအနှောင့်အယှက်ဖြစ်စေဖို့မရည်ရွယ်ဘဲ သူမရဲ့လက်ကို တည့်တည့်ဝှေ့ယမ်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ဒါပေမယ့် ကျွန်မမှာ ပြောစရာ အခြေအနေလေးတွေ ရှိတယ်"

ရန်ရွှေ့ချန်က သူ ဈေးဆစ်လို့ ရပြီလို့ ထင်ပြီး နှုတ်ခမ်းပေါ်က အပြုံးနဲ့ မေးလိုက်သည်။ "ဘယ်လို အခြေအနေလဲ"

လင်းရှောင်ယွဲ့ ပေါ့ပေါ့​ပါးပါးနဲ့ အနည်းငယ်လောက် စာရင်းထုတ်လိုက်သည်။ "နေ့ခင်းတော့ မရဘူး ညဘက်မှ။ နေရာက မကောင်းဘူး။ ရှင်နေရာကောင်းကောင်း ရှာရမယ်။ ပြီးတော့ ပိုက်ဆံလည်း စောစောပေး!"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora