အပိုင်း ၁.၁

6.1K 471 3
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၁.၁

"သူမ ဘာလို့ နံရံနဲ့ တိုက်ရတာလဲ၊ မတုံးလွန်းဘူးလား!"

"စိတ်မပူနဲ့။ နင် အဲ့ဒါကို တိုက်ရင်တောင် ငတုံးပဲ!"

လင်းရှောင်ယွဲ့ ဦးနှောက်ထဲ ကျယ်လောင်စွာ မြည်လာပြီး နားထဲကို စကားသံများ တိုးဝင်လာသည်။

အရမ်း ဆူတာပဲ။

သူမ မျက်လုံးမဖွင့်နိုင်သေးချိန် လူကြီးက သူမကို ​ပုခုံးပေါ်တင်ပြီး အနောက်ခန်းထဲ ခေါ်သွားခဲ့သည်။

လင်းရှောင်ယွဲ့ကို ကုတင်ပေါ်လှဲချလိုက်ပြီး ထိုလူက ခြံဘက် လှည့်ပြီး အော်ခဲ့သည်။  "ရှို့ယင်၊ သူမကို လာကြည့်၊ သူမ ခေါင်းကို နံရံနဲ့ ထပ်တိုက်စေနဲ့!"

လင်းရှောင်ယွဲ့က သူမရဲ့ လေးလံတဲ့ မျက်ခွံတွေကို မှိတ်ထားရင်း သူမအနီး ထူးဆန်းသော မျက်နှာတစ်ခု ကပ်လာသည်ကို မြင်လိုက်ရပြီး ထိုအမျိုးသမီးက သူမဘေးတွင် ထိုင်လိုက်သည်။

ဒါက ဘယ်သူလဲ?

ဘာတွေ ဖြစ်နေတာလဲ?

"သေဖို့ မကြိုးစားနဲ့၊ ငါ့သားနဲ့ လက်ထပ်ရင် နင့် ဘဝက ပိုကောင်းလာလိမ့်မယ်။"

အနားရောက်လာတဲ့ ထိုအမျိုးသမီးက ပြောလိုက်သည်။

လင်းရှောင်ယွဲ့က ခဏမျှ တိတ်ဆိတ်သွားပြီး သူမ နဖူးပေါ်မှ နာကျင်ကိုက်ခဲမှုက သက်သာလာကာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူမ မှတ်မိတယ်...

သူမ သတိမမေ့ခင် နောက်ဆုံး စာမေးပွဲအတွက် တစ်ညလုံး စာကျက်နေခဲ့သည်။ အဲဒီအချိန်မှာ ပြင်းထန်တဲ့ နာကျင်မှုက သူမကို သတိလစ်သွားစေခဲ့တယ်။

နံရံ မရှိတဲ့ အိမ်ကို တွေ့လိုက်ရပြီး လင်းရှောင်ယွဲ့ ကြောင်အသွားခဲ့သည်... သူမ ရုတ်တရက် သေဆုံးသွားတာ ဖြစ်နိုင်လား။

ဒါဆို သူမ ဘယ်လိုလုပ် ဒီမှာ နိုးလာတာလဲ?

"ရှောင်ယန် လာခဲ့ ..."

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang