အပိုင်း ၈၄ / ၈၅ / ၈၆

1.1K 111 1
                                    


၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၈၄


 လအစတွင် စားစရိတ် ယွမ် ၄၀ ကို ရန်တယုံက လူကြီးတွေဆီ လွှဲပြောင်းပေးခဲ့သည်။

ဝမ်ရှို့ယင်လည်း ဘာမှမပြောခဲ့ပေ။ သစ်လုံးက လှေအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်လို့ သူမ ဘာမှ မပြောနိုင်တော့ပေ။

 သူတို့သည် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့ကြသည်။

 တတိယ ရန်ယန်က အမြဲရှိနေခဲ့သည်။

လင်းရှောင်ယွဲ့က သူ့ကို နေ့တိုင်း စာကြည့်ခန်းထဲမှာ ရွေးပြီး တိုက်ရိုက်ခေါ်ထုတ်လာပေးသည်။

 ဒုတိယရန်ယန်အတွက် သူမ တော်တော်လေး သနားမိကာ သူ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် တောင်းပန်စကားသာ ပြောနိုင်သည်...

 သူမက တတိယရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး တတိယကို မြတ်နိုးတာကြောင့် ဤကာလအတွင်း သူမသည်တတိယကို ရွေးချယ်ရမည်ဖြစ်သည်။

 လဝက်ခန့်အကြာတွင် လင်းရှောင်ယွဲ့က တတိယရန်ယန်နဲ့ မှန်းဆထားတဲ့ စီးပွားရေးကို သီးသန့်လုပ်ဖို့ နောက်လိုက်ခဲ့ကာ မကြာခင် သူတို့ ပိုက်ဆံအိတ်တွေပြည့်လာသည်။

 သူတို့ရဲ့ စုစုပေါင်းစုဆောင်းထားသည့်ငွေက ယွမ်၉၀၀ ကျော်သွားခဲ့သည်။ အဲ့တာက ယွမ် ၃၀၀ ဒါမှမဟုတ် ယွမ် ၄၀၀ ထက်မနည်းတဲ့ ပမာဏက မြို့ထဲမှာ အိမ်ဝယ်လောက်သည်။ ဒါပေမယ့် သိပ်မကောင်းတဲ့ အိမ်တစ်လုံးသာဝယ်လို့ရပြီး အခု ယွမ် ၉၀၀နဲ့တို လုံလောက်ပြီဖြစ်သည်။

 ဒါပေမယ့် လင်းရှောင်ယွဲ့က ပိုကြီးပြီး ပိုကောင်းတဲ့ အိမ်တစ်လုံးကို ဝယ်ချင်တာကြောင့် သူတို့နှစ်ယောက်က ပိုချမ်းသာဖို့ စီစဉ်ခဲ့ကြသည်။

 သူမ အခြားမိသားစုနှစ်စုကို ဆန့်ကျင်ဖို့ ကြံစည်ချင်ပေမာ့် မကြာသေးခင်က ၎င်းကို အကောင်အထည်မဖော်နိုင်ခဲ့ပေ။

လင်းရှောင်ယွဲ့က အခြားမိသားစုနှစ်စုကို ဘယ်လိုလက်စားချေရမလဲဆိုတာ ညတိုင်း ရန်ယန်နဲ့ ဆွေးနွေးသည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant