အပိုင်း ၃၇

2.2K 257 2
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၃၇

ဒီကိုယ်ခန္ဓာမှာ နေထိုင်တာကြောင့် လင်းရှောင်ယွဲ့ရဲ့ အချစ်ဆုံးမှာ တတိယကိုယ်ခွဲဖြစ်သည်ကို ဒုတိယကိုယ်ခွဲက အမြဲသိနေသည်။

သူတို့သုံးယောက်ကြားကို ရွေးတဲ့အခါတိုင်း သူမက တတိယကိုယ်ခွဲကို အမြဲ  ရွေးသည်။

သူ့မျက်နှာရှေ့မှာတောင် သူမအမူအရာက တတိယမြောက်ကို နှစ်သက်ကြောင်း ပြသနေသည်။

အဲဒီလိုအဖြေပဲ။ သူဝမ်းမနည်းပါဘူးလို့ ပြောတာက ဒုတိယကိုယ်ခွဲအတွက် လုံးဝအတုအယောင်ပဲ။

ဒါပေမယ့် တတိယကိုယ်ခွဲနဲ့ ရန်ဖြစ်ဖို့ နည်းလမ်းမရှိဘူး။

လင်းရှောင်ယွဲ့  သူ့အိမ်ရောက်ပြီးနောက် လင်းရှောင်ယွဲ့ ကို သူဘာလုပ်ခဲ့မှန်း သူကိုယ်တိုင် သိနေခဲ့သည်။  တတိယကိုယ်ခွဲက လင်းရှောင်ယွဲ့ကို ဘာလုပ်ခဲ့လဲ။

သူ လင်းရှောင်ယွဲ့ ကို မကာကွယ်နိုင်ခဲ့ဘဲ သူမကို ကာကွယ်ဖို့ ရှေ့တိုးတောင် မဝံ့မရဲဖြစ်ခဲ့သည်။

တတိယကိုယ်ခွဲ ထွက်လာတိုင်း သူမမှာ ကျောထောက်နောက်ခံရှိပုံရပြီး သူမစကားတွေနဲ့ အပြုအမူက ယုံကြည်နေခဲ့သည်။

ထို့ကြောင့် ဒုတိယကလေးက သူမကို သူတို့သုံးဦးထဲမှ ရွေးချယ်ဖို့ ဘယ်သောအခါမှ သူမကို မတောင်းဆိုရဲပေ။

အိပ်မပျော်တဲ့ညက ဒုတိယအကြိမ်ဖြစ်သည်။

လင်းရှောင်ယွဲ့က သူ့ဘေး အိပ်ပျော်နေပေမယ့် သူလူးလှိမ့်ပြီး လှည့်ခဲ့သည်။ သူ့ မျက်လုံးတွေ မှိတ်ထားပေမယ့် သူ့အတွေးတွေက တက်ကြွနေသေးသည်။

ဒုတိယ ရန်ယန် က သူ့ကိုယ်သူပြောခဲ့သည်...

ငါပြောင်းရမယ်။

ငါပြောင်းချင်တယ်။

ငါပြောင်းကိုပြောင်းရမယ်!

နောက်တစ်ခါ...

ဒါမှမဟုတ် မနက်ဖြန်...

သူ.... နေ့ခင်းဘက် ထွက်လာရမယ်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora