အပိုင်း ၅၂

1.8K 239 2
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၅၂

ပိုင်ရှောင်ချွမ်းရဲ့အကြည့်က ရန်ယန်ရဲ့ဘေးကတစ်ယောက်ဆီ ရောက်သွားခဲ့သည်။ ပိုင်ရှောင်ချွမ်း ပြောလိုက်သည်။ "ကျွန်မ ကြားဖူးတယ်။ သူ့မိသားစုက ကလေးမလေးတစ်ယောက် ရောက်လာပြီး ကျွန်မကို အတိအကျပြောခဲ့တာ။ လင်းရှောင်ယွဲ့ ကို ... ရန်ယန်ရဲ့ ဇနီးအဖြစ်နဲ့ ဝယ်ခဲ့တာ။ သူတို့အိမ်က သူမကို သဘောကျပုံမပေါ်ဘူး"

"အဲဒါ လင်းရှောင်ယွဲ့  ..... နဲ့ ရန်ယန်က သိပ်ကိုရိုးရှင်းတဲ့ စုံတွဲတစ်တွဲဖြစ်ပုံရတယ်"

လုရှမင် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ပိုင်ရှောင်ချွမ်းရဲ့နားနားကိုတိုးလာပြီး သူမရဲ့နားထဲမှာ တိုးတိုးလေးပြောလိုက်သည်။ "ပြီးခဲ့တုန်းက ငါ ရန်ရွှေ့ချန်ရဲ့ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးခဲ့တဲ့အချိန်က ကိုယ်စားလှယ်အဖြစ် ရန်ရွှေ့ချန်ဆီ သွားလည်ခဲ့ပြီး သူ အစက လင်းရှောင်ယွဲ့နဲ့  မြေအောက် ချစ်သူ ဆက်ဆံရေး အဆင့်တက်ရန် စီစဉ်ထားတယ်။ သူ ရဲဝန်ထမ်းကိုပြောပြနေတာ ငါ ကြားခဲ့ရတယ်။ မတော်တဆမဖြစ်ခင်ညက သူ လင်းရှောင်ယွဲ့ ဆီ အချစ်ဇာတ်လမ်းခင်းဖို့ သွားခဲ့တာ။ ရလဒ်က မအောင်မြင်ဘူး ရန်ယန် တွေ့သွားတယ်။  နောက်တော့ သူ မတော်တဆမှုဖြစ်သွားတာပဲ ..."

ပိုင်ရှောင်ချွမ်းက ဒီလိုစကားပြောတာကို ပထမဆုံးအကြိမ် ကြားလိုက်ရသည်။ သူမ ခေါင်းလှည့်ကာ လုရှမင်ကိုကြည့်ပြီး သူမမျက်နှာမှာ ထိတ်လန့်မှုကို ရေးသားထားခဲ့သည်။ "ဘာ"

ရန်ယန်က ရန်ရွှေ့ချန်ကို လုပ်ခဲ့တဲ့အရာကြောင့် သူမ ရှော့ခ်ရသွားခဲ့သည်။ ဒါပေမယ့် ဒါက လင်းရှောင်ယွဲ့က တခြားသူတွေနဲ့ လျှို့ဝှက်ဆက်ဆံရေးမျိုး အမှန်တကယ် ဖြစ်ပေါ်လာတာကြောင့်ပင်။

ဒါဖြစ်နိုင်မလား.... ပြီးခဲ့တုန်းက ရန်လျန်ဟွာက လင်းရှောင်ယွဲ့ အကြောင်း မကောင်းပြောဖို့ သူမဆီ ချဉ်းကပ်ခဲ့တယ် အဲ့တာက အမှန်ပဲလား။

လုရှမင် သူ့ရင်ဘတ်နားမှာ လက်ပိုက်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "ဒါက ကွန်မြူနတီတံခါးအပြင်မှာ ငါကြားခဲ့တာ။ ရဲဘော် ပိုင်ရှောင်ချွမ်း ဒီစကားရဲ့ လေးနက်မှုကို သိထားသင့်တယ်။ မင်း ပါးစပ်ကို ပိတ်ထားမယ်လို့ ငါယုံကြည်တယ်"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon