အပိုင်း ၄၀

2.4K 258 7
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၄၀


ထိုနေရာတွင် ပြတ်ပြတ်သားသား ထိုင်နေသော ရန်ယန် ကို သူကြည့်ကာ သူ့ မုတ်ဆိတ်အလယ်ကို လက်ချောင်းတွေနဲ့ဆွဲပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ "အခြေအနေကို ငါသိပြီ။ မိသားစုဝင်နှစ်ယောက် ဒီမှာစောင့်နေရမယ်။ ရန်ယန် ငါနဲ့လိုက်ခဲ့" 

အရင်တုန်းကတော့ ဝမ်ရှို့ယင်က နာခံပြီး အကျင့်စာရိတ္တကောင်းတဲ့ ရန်ယန်ကို ဆရာသမားဆီ ခေါ်ဆောင်လာတဲ့သူပင်။

ဆရာသမားက ဒီလိုပြောလိုက်တဲ့အချိန်တိုင်း အရူးရန်ယန်က ထပြီးသူ့နောက်ကလိုက်သွားသည်။

ဒါ​ပေမယ့်​ ဒီတစ်​ခါ​ ရန်ယန်က ​​အရူး​မဟုတ်​ဘူး။  ဒုတိယ ရန်ယန်က အလွန် နာခံမှု မရှိပေ။ ဆရာသမားကို ဂရုမစိုက်ဘူး။  သူက လင်းရှောင်ယွဲ့ ကြည့်ဖို့သာ ခေါင်းလှည့်ထားခဲ့သည်။

လင်းရှောင်ယွဲ့ ထပြီး ဆရာသမားကိုပြောလိုက်သည်။ "ဆရာကြီး၊ ကျွန်မ သူနဲ့လိုက်ခဲ့ပါ့မယ်။ သူက အရမ်းကြောက်တတ်လို့ပါ"

"ငါ ယဇ်ပူဇော်တဲ့ အစဥ်အလာကို ဖွင့်တော့မယ်။ခင်များအဲဒီကို မသွားဘဲနေတာ ပိုကောင်းမယ်။ မဟုတ်ရင် မကောင်းဆိုးဝါးက ခင်များရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားလိမ့်မယ်။ အဲ့တာက မင်းအပေါ် သက်ရောက်မှုရှိလိမ့်မယ်။"  ဆရာသမားက လင်းရှောင်ယွဲ့ကို ပြောခဲ့သည်။

ဒါကိုကြားတော့ ဝမ်ရှို့ယင်က ချက်ချင်းထရပ်လိုက်ပြီး ဆရာသမားကို ပြောလိုက်သည်။ "ဆရာကြီးရဲ့ စကားကို နားထောင် လင်းရှောင်ယွဲ့  သမီးသူတို့နောက်ကို မလိုက်နဲ့။ ရှောင်ယန် ဆရာကြီးနဲ့ လိုက်သွားပါစေ"

"ကျွန်တော် ရှောင်ယွဲ့နဲ့ သွားချင်တယ်"  ရန်ယန်က နှုတ်ဖွင့်ဟပြီး ပြောလိုက်သည်။

ဒီနေ့ ရန်ယန်က ဝမ်ရှို့ယင် ရှေ့မှာ ဘာမှပြန်မပြောခဲ့ဘဲ အလွန်တိတ်ဆိတ်နေခဲ့သည်။

ထို့ကြောင့် ဝမ်ရှို့ယင်က ဒီရန်ယန်က သူမရဲ့ရူးနေတဲ့ သားမဟုတ်ကြောင်း သိလိုက်သည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt