Unskippable Ads 💬

15 0 0
                                    


Then... HDverse က New year ကူးသွားပြီဆိုတော့ Novella ခဏ လေရှည်ပါအုံးမယ် (မဆိုင်ဘူးထင်လည်း အဆင်ပြေသလို ဆိုင်လိုက်ပါ w)။

Heartless December ရဲ့ Dec special ၈ ပိုင်းက မှတ်မှတ်ရရ ကျွန်တော် ၁၈ နှစ်ပြည့်ခါနီး ၂၀၂၀ ဒီဇင်ဘာ ၂၇ ရက်က စရေးခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ ၁ ရက်မှာ fb ပေါ် စတင်ဖြစ်ခဲ့တဲ့ အပိုင်းတွေပါ။ "Chapter ၈ ခုကို ၆ ရက်အတွင်းရေးထားတာမို့ လိုအပ်ချက်ရှိနေမလားလို့တော့ စိတ်ထင့်ပေမယ့် အဆင်ပြေပုံပေါ်လို့ Road to complete  ဒီအတိုင်း စိတ်ဆောင်ရာရေးသွားပါမယ်" ဒါက အဲ့တုန်းက ပြောခဲ့တဲ့စကားပေါ့လေ။ Nostalgic ✨

ကိုယ်ရေးချင်ရာရေးတာမို့ သူငယ်ချင်းတစ်ချို့ကလွဲရင် လူမစည်တဲ့ writing acc လေးမှာ  ဘာမှပြင်ဆင်မှုမရှိဘဲ စိတ်ထဲပေါ်လာတာရေးရင်း စတင်ခဲ့တဲ့ fic လေး။ ကျွန်‌တော်က fic စရေးပြီဆို ဒါ one-short လေးပဲ ဖြစ်မှာပါ... အပိုင်း ၆ပိုင်း ဒါမှမဟုတ် ၈ပိုင်းလောက်ပေါ့ လို့ ပြောပြီး စတတ်တယ်။ အဲ... ပြီးရင် ရေးရင်းရေးရင်း character တွေအပေါ် သံယောဇဉ်တွယ်လာ၊ plot တွေ scenes တွေ character facts တွေ တောင်ပုံရာပုံထွက်လာပြီး ဆယ်ဆလောက်မကထိ ဖြစ်သွားရော။ အစကတော့ ငါဒီဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကို စိတ်ကြိုက်ကိုင်တွယ်ပြမယ်... ငါကြိုးဆွဲရာကစမ်း... ဆိုပြီးစတာ၊ ကြုံးဝါးလို့မဆုံးခင်မှာတင် Novella တစ်ယောက် ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေရဲ့ ကြိုးဆွဲရာကရတော့တာပဲ။ (karma karma TT)

ဘာပဲပြောပြောပေါ့။  Speedrun ထားတဲ့ ၈ပိုင်းနဲ့စခဲ့တဲ့ Heartless December က အခုဆို ကျွန်‌တော့်လက်ထဲ အပိုင်း ၈၀ ကျော် ထိ ရေးထားပြီးသားရှိနေပါပြီ။ ကြားထဲမှာ တိုင်တွေက ကျွန်တော့်ကိုပတ်ရင်း conditionally mentally  အဆင်မပြေတဲ့ကိစ္စအမျိုးမျိုးကြောင့် ၂၀၂၂ ဒီဇင်ဘာအထိ မပြီးသေးသော ပန်းချီကားဖြစ်လာပေမယ့် HD က ကျွန်တော့်အတွက်တော့ အရမ်းအရေးပါပါတယ်။ self-therapy တစ်ခုဆိုလည်း မမှားပါဘူး။ စိတ်ဓာတ်အဝိစိကျနေတဲ့နှစ်တွေမှာ ရေးလက်စ fic က sol comedy ဆိုတော့ ဘာပြောကောင်းမလဲ။ အိမ်နဲ့ရန်ဖြစ်ပြီး ညနှစ်နာရီမှာ situational jokes နဲ့ sweet nothings တွေ ထိုင်ရေးရတဲ့ အရသာကြီးက ဇောက်ထိုးကြီးရယ်။ jokers တွေကိုပါ ကိုယ်ချင်းစာလာမိရော။ အဲ့လို ဇောက်ထိုးကန့်လန့် ခံစားချက်တွေနဲ့ စာရေးရင်း passion က ပေါ်လိုက်ပျောက်လိုက်၊ အဆုံးသတ်မယ်ကြုံးဝါးလိုက်ရင် စိတ်ညစ်စရာတစ်ခါပေါ်ပြီး ကျွန်တော်ကဂေါက်သွားလိုက် ကျွန်တော့် HDverse ကြီးကလည်း ရှေ့မတက်နိုင်ဘဲ ဆန့်ငင်ဆန့်ငင်နဲ့ပေါ့ (အစကတည်းကမှ sitcom မို့ plot တက်နှေးပါတယ်ဆို...)။ ထားပါတော့... အဲ့လိုပေါ့ စာရေးရမှ အသက်ရှူချောင်တဲ့သူမို့ လူမရှိတဲ့ acc မှာ two loyal readers လောက်နဲ့ အပိုင်း ၈၀ ထိ ခရီးဆက်ခဲ့ဖူးတဲ့ အကြောင်းပါ။

ဖုတ်ထားပြီးသား၊ အချိုရည်သုတ်ထားပြီးသားမုန့်ချပ်ကြီးကို ဘယ်လိုဖဲ့ဖဲ့တင်မလဲကတော့ သေချာမသိပေမယ့် တစ်ပိုင်းတစ်ခါ အချောသပ် edition ၀င်၊ ၀င်ပြီးတာနဲ့တင်ပြီး အဆက်မပြတ်အောင် စီစဉ်ပါ့မယ်။ အဲ့ဒါကြောင့် စိတ်ရှည်ရှည်နဲ့လိုက်ခဲ့မယ်ဆို Hansel and Gretel ပုံပြင်ထဲက မုန့်ချပ်အိမ်ကြီးလို နေရာဆီ ခေါ်သွားပေးမှာပါ။ ယုံတယ်ဟုတ်...။ မယုံချင်လည်း ယုံလိုက်ပါ။ အပိုင်းတစ်ကတည်းက ပြုစားထားတာ အလကားမဟုတ်ပါဘူး။ Abracadabra... Darling, you haveta! Ahahaha~ 🔮

ဟုတ်။ ဒါပါပဲ မူလီချောင်နေတဲ့ Novella ရဲ့ unskippable ads ကို သည်းခံဖတ်ပြီးရင် နှလုံးသားမရှိတဲ့ဒီဇင်ဘာ ကို ဆက်ရှုစားလို့ရပါပြီ။ 💖

မူလီချောင်နေတဲ့
Novella ✒️

Heartless December❄️ ZG version Where stories live. Discover now