❄️❄️❄️
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာက ကျွန်တော့်စတိုင်လ်မဟုတ်ဘူး။ ကျွန်တော်ဆိုတာက စိတ်အားထက်သန်လာပြီဆို ဘယ်ကိစ္စပဲဖြစ်ဖြစ်
မျှော်လင့်ချက် ၁ ရာခိုင်နှုန်းပဲရှိရင်တောင် နောက်မှာ သုညနှစ်လုံးရေးထည့်ပြီး ရာနှုန်းပြည့်သေချာကြောင်း ပိတ်ငြင်းမယ့်သူ။ ဒါပေမယ့်...။"ငါဝေယံ့ကို ဘယ်သူနဲ့မှမတူအောင်...
သိပ်ချစ်ခဲ့တယ်...""ခွန်းက ငါ့ကိုသိပ်ချစ်တာ... သူငါ့ကိုဘယ်လောက်ထိချစ်လဲဆိုတာကို သူကိုယ်တိုင်တောင် သေချာမသိဘူး..."
ဒါပေမယ့် ဒီလူနှစ်ယောက်ရဲ့စကားတွေက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ကိုယ်ကိုကိုယ်ယုံကြည်မှုကြား အကြီးအကျယ် ၀င်နှောင့်ယှက်နေတယ်။
တကယ်ပဲ အဲ့ဒီနှစ်ယောက်က ဘာတုန်းဗျာ။ သူတို့နှစ်ယောက်လုံး ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောကြတာကိုတော့ အပြစ်မဆိုလိုပါဘူး။ ဒါပေမယ့် ဘာလို့ ကျွန်တော်က ကြားညပ်နေသလို ခံစားလာရတာလဲ။
စဉ်းစားကြည့်ရင် ဒီနှစ်ယောက်ကိုက အဆန်းကြီးတွေ ဖြစ်မနေဘူးလား။တစ်ယောက်က သူမူးနေတုန်းကတော့ ပူပူနွေးနွေးပြတ်ထားတဲ့ အချစ်ဟောင်းနဲ့မှားပြီး တငိုငိုတယိုယို ခံစားချက်တွေဖွင့်ချဝန်ခံရင်း သူများရဲ့ ပထမဆုံးအနမ်းကိုယူ၊ လူကိုရင်ထဲကလူကလူဖြစ်အောင် လုပ်ခဲ့ပြီး ပုံမှန်စိတ်ကြီးနဲ့ကျမှ အားမနာပါးမနာ ပိုးစိုးပက်စက် ထိုင်ချေနေတယ်။
နောက်တစ်ယောက်ကကျတော့ လူကိုပဲ အချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်တာလိုလို၊ မသတ်မှတ်တာလိုလိုနဲ့ သူပစ်ချခဲ့ပြီးမှ အသေအကြေပြန်လိုက်နေရတဲ့ အချစ်ဟောင်းနဲ့သူ့ရဲ့ ကုတင်ပေါ်ကကိစ္စတွေကို ရုပ်တည်နဲ့ လုံးစေ့ပတ်စေ့ပြောပြသွားတယ်။
အဲ့တော့ ကျွန်တော်က ခုံတော်မောင်ကျဘမ်းမှမဟုတ်တာ
သူတို့အမှုတွေထိုင်ကြားနာပြီး ဘာလုပ်ပေးနိုင်မှာလဲ။*
အိမ်အပြန်လမ်းမှာ စက်ဘီးကို နာနာဖိနင်းခဲ့တယ်။ အရှိန်များနေတဲ့အတွက် ဖြတ်သွားတဲ့ကြောင်ကိုရှောင်ရင်း အိမ်ရှေ့လမ်းထိပ်ရောက်ခါမှ ပစ်လဲရော။ စက်ဘီးပြန်ဆွဲထူရင်း ထလိုက်တော့ လည်ပင်းကမာဖလာနီကလေးက လျှောကျလာတယ်။ 'L.K' ဆိုတဲ့ စာလုံးနှစ်လုံးက နှင်းပွင့်တွေလို ထင်းလို့။
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...