❄️❄️❄️
ဇန်နဝါရီ ၃၀ ရက်နေ့။ ကိုကိုကကျွန်တော့်ကို သူနဲ့အတူလိုက်ဖို့ ခေါ်ခဲ့တာကြောင့် St. Joseph ဘုရားကျောင်းကို ရောက်ခဲ့တယ်။ ဝတ်ပြုခုံတန်းပေါ်မှာထိုင်၊ မျက်လုံးမှိတ်ပြီး တစ်ခုခုစိတ်ထဲကရွတ်ဆိုနေတဲ့သူ့ကို ဘေးနားကနေငေးခဲ့တယ်။
"အနူးရဲ့အုတ်ဂူက မြစ်ကြီးနားမှာရှိတယ်၊
ဒါပေမယ့် အိမ်မပြန်နိုင်တော့ အမြဲဒီကိုပဲလာဖြစ်နေတာ...""စိတ်ကအရေးကြီးတာပါ ကိုကို...
ဒီနေ့တင်မဟုတ်ဘဲ ဆုံးသွားတဲ့ကိုကို့အမေကို ကိုကိုအမြဲသတိတရရှိနေတာပဲမလား""ခန့်ငယ်..."
"ပြောလေ ကိုကို..."
"အနူးကပြောဖူးတယ်... ငါချစ်သူရတဲ့အခါ ဘာအရောင်ကြိုက်လဲမေးထားပါ သူ့အတွက် မာဖလာတစ်ထည်ထိုးပေးမယ်တဲ့..."
"အင်း... ကိုကို့အမေဆီကမာဖလာလက်ဆောင်ရမှာ တွေးကြည့်ရုံနဲ့တင် ပျော်စရာပဲ... မရနိုင်တော့တာစိတ်မကောင်းပေမယ့် ကိစ္စမရှိပါဘူး၊ ကျွန်တော်က ဒီအနီရောင်ခွေးလည်ပတ်လေးနဲ့တင် လုံလောက်တယ်"
"နောက်ဆုံးတော့ ငါခွေးပေါက်စတစ်ကောင် မွေးလိုက်မိတာပဲ..."
အဝတ်အစားအနက်တွေရဲ့မှိုင်းမှောင်မှုက သူ့မျက်နှာပေါ်က ကြည်လင်နေတဲ့အပြုံးကို မအုပ်လွှမ်းနိုင်ဘူး။ ဘယ်သူသိမှာလဲ ခွေးပေါက်စတစ်ကောင်မွေးထားလိုက်ရုံနဲ့ ဒီလိုနေ့မျိုးမှာတောင် ပြုံးနေနိုင်အောင် ထိရောက်မှုရှိလာမယ်လို့။
"ဒါနဲ့... ကိုကို့အမေက ခရစ္စမတ်တိုင်း ကိုကို့ကိုမာဖလာတစ်ထည်ထိုးပြီး လက်ဆောင်ပေးမယ်လို့ ကတိပေးခဲ့တာမလား... မတည်နိုင်ခဲ့ပေမယ့်လေ..."
"မင်းက အဲ့ဒါကိုဘယ်လိုသိ... မဟုတ်မှလွဲ ငါ..."
"အင်း... ကိုကိုမူးရင် အရမ်းပွင့်လင်းပြီး အရမ်းချစ်စရာကောင်းတာ..."
"..."
ကိုကို့နားရွက်ဖျားလေး အရောင်ပြောင်းလာတယ်။ ဘုရားကျောင်းအပြင်ကအေးလို့တော့ မဟုတ်လောက်ပါဘူး။
"အဲ့ဒီကတိကိုပြောတာ... ကျွန်တော်လွှဲယူလိုက်မလို့...
ကိုကိုလည်း ကျွန်တော်ထိုးပေးတဲ့မာဖလာကို သဘောကျတယ်မလား"
YOU ARE READING
Heartless December❄️ ZG version
RomantizmHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...