အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃

11 2 0
                                    

❄️❄️❄️

ကိုကို့ရဲ့ "တောင်းပန်ပါတယ်" ဆိုတဲ့စကား...။
အဲ့ဒီစကားတွေကို ကျွန်တော် သဘောမကျခဲ့ဘူး။
ဒီစကားကို ကိုကိုက အာကာဝေယံ့အစားပြောပေးတာလို့ ခံစားလိုက်မိချိန်တိုင်း ကိုကို့စိတ်ထဲက သူ့အတွက်ဂရုစိုက်မှုတွေကို မြင်ရတာမို့။ အဲ့လိုအချိန်တိုင်း တစ်ခုခုက ကျွန်တော့်ကို လှောင်ရယ်နေသလိုပဲ။

အဲ့ဒီမိုးအေးတဲ့နေ့က ကိုကို ကျွန်တော့်ကို စောင်လာခြုံပေးရင်း ခပ်တိုးတိုးပြောလိုက်တဲ့ စကားလေးခွန်းကလည်း အစားပြောပေးခြင်းတစ်ခုပဲ လို့ ထင်ခဲ့တာ။

တောင်းပန်ပါတယ် လို့ အဲ့ဒီကလေးကို ပြောခဲ့တယ်။
အချိန်တိုင်းမှာ ငါသူ့အပေါ်အရမ်းအေးစက်ခဲ့မိတဲ့အတွက်...
အသုံးချနေခဲ့မိတဲ့အတွက်... မကာကွယ်နိုင်ခဲ့တဲ့အတွက်...
တခြားတခြားသော ငါပြောမထွက်နိုင်တဲ့ အရာတွေအတွက်...။

အဲ့ဒီအိပ်မက်လိုလို ဝိုးတဝါးအခြေအနေမှာ ကိုကို့မျက်လုံးတွေကို ကျွန်တော်မြင်ခဲ့သင့်တယ်။ အဲ့ဒီမျက်ဝန်းနက်တွေထဲ ဘယ်သူ့ပုံရိပ်ရှိနေလဲဆိုတာ သေချာကြည့်ခဲ့သင့်တယ်။

ကျွန်တော်ပဲ...။
အဲ့ဒီမှာရှိနေတာက တုံးအလွန်းတဲ့ ကျွန်တော်လေ...။

Sep 5
ကျောက်ပတ်တီး‌တစ်ဖက်နဲ့ အဲ့ဒီကလေးကိုမြင်ရတာ ငါတကယ်ပဲ စိတ်မသက်သာဘူး။ သူ့ပုံစံကိုကြည့်မိတိုင်း ငါ့ကိုယ်ငါ အပြစ်တင်နေမိတယ်။ ငါအရမ်း ပျော့ညံ့ခဲ့တယ်။

ဒီတစ်ခေါက်ဖြစ်ရပ်မှာ ရခဲ့ပြီးသားသင်ခန်းစာကို ပြန်နွှေးလိုက်ရသလိုပဲ။ ကာကွယ်ချင်တဲ့အရာတစ်ခုကြောင့်နဲ့ ကာကွယ်သင့်တဲ့တစ်ခြားအရာတွေကို လုံးဝလျစ်လျူရှုမထားမိဖို့။ အရင်တုန်းကငါက ကိုယ့်နှလုံးသားကို ကာကွယ်ချင်စိတ်ကြောင့်
တစ်ခြားသူ‌တွေရဲ့နှလုံးသားကို အခါခါ ပစ်စလက်ခပ် ပစ်ချခဲ့ဖူးတယ်။ ကိုယ့်အချစ်ကို ထိန်းသိမ်းချင်စိတ်ကြောင့် တစ်‌ယောက်ယောက်ရဲ့ဘ၀ ပြိုလဲသွားတာကိုလည်း ဒီအတိုင်းထိုင်ကြည့်ခဲ့ဖူးတယ်။ အခု ထပ်ပြီး အဲ့လိုအဖြစ်မခံတော့ဘူး။ ငါကာကွယ်ရမယ်။ အဲ့ဒီကလေးတစ်ယောက်ကိုတော့ ငါသေချာပေါက် ကာကွယ်မယ်။

Heartless December❄️ ZG version Where stories live. Discover now