❄️❄️❄️
ကိုကိုကတော့ နားမလည်တဲ့ပုံစံနဲ့ မေးခွန်းထုတ်လာပြီ။
"ဘယ် Wallpaper ကိုပြောတာလဲ..."
"ဟို... ကိုကို ဒါလာပေးတာမလား... မအားဘူးဆိုရင်
ပြန်လိုက်တော့လေ..."နံပါတ်၂ရဲ့ မလိုအပ်ဘဲပါးစပ်ပွမှုကြောင့် စာအုပ်ကိုလှမ်းယူ၊ ကြားထဲကဝင်ဖြတ်ပြောရင်း ကိုကို့ကို ပထုတ်ရတော့တယ်။
"အာ... လင်းခန့် မင်းကလည်း ဘာလို့နှင်ထုတ်နေတာလဲ...
မင်းဆရာက တကူးတကရောက်လာတာကို..."အေးနော်...။ တကူးတကရောက်လာကို ငါကရူးပြီး ဇွတ်နှင်ထုတ်စရာလား...။ မင်းတို့ဆိုတဲ့ အရှုပ်ထုတ်တွေရှိနေလို့ပေါ့ လင်းတတွေရဲ့။
"ကိုကိုက အချိန်အဲ့လောက်မပေါဘူးကွ...
ဟုတ်တယ်မလား ကိုကို... အခုတောင် စာသင်ဖို့သွားမလို့မလား...""ဟင့်အင်း... အခုကတော့ စာသင်ချိန်မရှိဘူး"
"..."
ဘာလို့လဲဗျာ...။ ဒီနေ့ကျမှ ဘာလို့ စာသင်ချိန်တွေက ဆက်တိုက်ရှိမနေရတာလဲ။
"ဒါပေမယ့် ငါကဒီအတိုင်း စာအုပ်ပဲလာပေးတာဆိုတော့
မဝင်တော့ဘူး..."တော်ပါသေးရဲ့...။ လုပ်စရာရှိတာပဲလုပ်တတ်တဲ့ ခင်ဗျားအကျင့်လေးက ဒီတစ်ခါတော့ ကယ်သွားပြီ။
"အင်းအင်း... တာ့တာကိုကို... ကျွန်တော် ညနေမှ စောစောလာခဲ့မယ်နော်..."
လှည့်ပြန်ဖို့လုပ်လိုက်တဲ့ ကိုကို့ကြောင့် စိတ်ချသွားပြီး ပြုံးပြနှုတ်ဆက်လုပ်လိုက်ပေမယ့်...။
"အာ... နေပူကြီးထဲ တကူးတကစာအုပ်လာပေးရတာကို
ဒီအတိုင်းအိမ်ပေါက်ဝကနေ လှည့်ပြန်ခိုင်းစရာလား...""အေးလေ... မန္တလေးသားမပီသလိုက်တာ ပျူငှါမှုက ဇီးရိုးပဲ..."
စိတ်တွေလည်း ညစ်ပါတယ်။ ပြောမရပြုမရကို ဧည့်ဝတ်ကျေပွန်နေတော့တာပဲ။ ကျွန်တော့် ပျူငှါမှုကဇီးရိုးဆိုရင် သူတို့က အိုဗာဖလိုးဖြစ်နေတာ။
"ကဲပါ အစ်ကိုချောချောရာ ... လင်းခန့်ကိုဂရုစိုက်မနေပါနဲ့
သူ့အိမ်က ကျွန်တော်တို့အိမ်ပဲ၊ ခဏတဖြုတ်တော့ ထိုင်ပါအုံး...
ဆိုင်ကယ်အထဲသွင်းလိုက်မယ်နော်"
YOU ARE READING
Heartless December❄️ ZG version
Lãng mạnHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...