❄️❄️❄️
နှစ်သစ်မှာအိမ်ရှင်းတယ်ဆိုတာ လူတိုင်းအချိန်ပေးပြီးလုပ်ကြတဲ့ ကိစ္စမျိုးပဲ။ ဒါပေမယ့် ကျွန်တော့်အစ်ကိုဝမ်းကွဲတော့မပါခဲ့ဘူး။
"အာ... ရှင်းထားတာမကြာသေးဘူး..."
"အဲ့ဒါက ညစ်ပတ်ရှုပ်ပွမနေရုံလေး သာမန်ကာလျှံကာရှင်းထားတာလေ.. နှစ်သစ်မှာတော့ သန့်သန့်ရှင်းရှင်းရှိအောင် ထောင့်တွေကဖုန်တွေ လိုက်လှည်း၊ မသုံးဘဲချောင်ထိုးထားတဲ့ အပိုပစ္စည်းတွေရှင်း
လုပ်ရမှာပေါ့...""မင်းကြည့်ရှင်းလိုက်လေ... "
ကောင်းလိုက်တဲ့ ပညာရှိစကား...။ နှစ်သစ်ဘယ်နှစ်ခါကူးသွားသွား တစ်စက်လေးတောင် မပြောင်းလဲဘဲ သစ္စာရှိရှိဆက်ညစ်ပတ်နိုင်တဲ့ ကြွက်မင်းသားပါပဲ။
"ကျွန်တော့်ကို သန့်ရှင်းရေးလုပ်ပေးတဲ့ အိမ်အကူအဒေါ်ကြီး
မှတ်နေလား...""ဘယ်ကအဒေါ်ကြီးလဲ... မဟုတ်ပါဘူးကွာ...
မင်းက 'ငခန့် cleaning service' ... ""ကြီးဒေါ်ကို cleaning service ...
အခွက်ပြောင်မနေနဲ့..."နောက်ဆုံးတော့ တရားချမနိုင်တဲ့ အရေထူအစ်ကိုကို လေကုန်ခံမပြောတော့ဘဲ လူသားဖုန်စုပ်စက်လေးကျွန်တော်ပဲ ဟိုရွေ့ဒီရွေ့လှည်းကျင်း၊ မြွေထွက်လာမလားမသိရတဲ့ ပစ္စည်းပုံတွေနှိုက်၊ ထွက်လာသမျှဗုစုခရုတွေ စာရွက်တွေကို ပစ်ရမလား အသုံးလိုလား သူ့ကိုပြလို့ နှစ်သစ်ကူးအထူးရှင်းလင်းရေးဝင်ပြီး အမှိုက်ပုံးထဲထည့်စရာ အထုပ်ကြီးတစ်ထုပ်နဲ့ အခန်းအပြင်ထွက်လာခဲ့ရပါပြီ။
အောချပါရဲ့...။ ကျွန်တော် လာမရှင်းပေးတဲ့နှစ်တွေတုန်းက ဘယ်လိုများနေလဲမသိ။ ကြွက်သိုက် pro max များ ဖြစ်နေမလားပဲ။
အောက်ဆင်းလာတော့ အဆောင်ဘေးမှာ စီရီနေအောင်ချထားတဲ့ အမှိုက်ပုံးတွေနားမှာ ကျွန်တော့်ထက်အရင် အမှိုက်လာပစ်ပုံရတဲ့ ကျွန်တော်ချစ်ရပါသော ဆွယ်တာအဖြူလေး...။
ကိုကို့မျက်နှာလေးမြင်လိုက်ရမှ နှစ်သစ်ရဲ့မနက်ခင်းလေးလည်း
ကျက်သရေအပေါင်းနဲ့ ခညောင်းသွားတော့တယ်။
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...