❄️❄️❄️
အဲ့ဒီနေ့က ညနေ၄နာရီလောက်မှာ ဟိုတစ်စုအလျိုလျိုပြန်သွားကြတော့ ကျွန်တော်နဲ့ ကိုကိုပဲ အိမ်မှာကျန်ခဲ့တယ်။
"ကိုကို..."
"အင်း..."
"ဒီနေရာမှာပဲ အဆင်ပြေတယ်မလား...
ဒါမှမဟုတ်... ကျွန်တော့်အခန်းထဲကို သွားမလား...""ဒီမှာလည်း အဆင်ပြေပါတယ်...
ငါကကိစ္စမရှိဘူး""ဒါဆို ဘယ်ကစရမလဲ..."
ကိုကိုဟာ Chemistry ပုံနှိပ်ကို လှန်လှောလိုက်ရင်း...
"Chapter 12 ကစမယ်..."
ဟုတ်ပါတယ်။ ကျွန်တော်က အိမ်စောင့်တာဝန် ကျနေတာကြောင့် ဘယ်မှသွားမရတာနဲ့ ကိုကို့ကို မပြန်တော့ဘဲ ဒီနေ့တော့ အိမ်မှာပဲစာကြည့်ပေးပါလားလို့ ပြောကြည့်လိုက်တာ သဘောတူညီချက်ရတယ်လေ။ အဲ့ဒါနဲ့ စာလုပ်ဖို့နေရာရွေးနေရင်း နောက်ဆုံးတော့လည်း ခုဏကနေရာမှာပဲ ပြန်ထိုင်ဖြစ်ခဲ့တာပါပဲ။
"ထုတ်ဖော်ပုံတွေ ရောမနေဘူးမလား..."
"မရောပါဘူး ကိုကိုရာ... ကျွန်တော်က ဟိုချိန်းဘရီးနှစ်ကောင်မဟုတ်ဘူး၊ အာ... ဆိုကာမှ ကြုံတုန်း ကိုကို့ကို ပြောထားရအုံးမယ်... ကိုကို အဲ့နှစ်ယောက်ကို သိပ်ပြီး အနားမကပ်စေနဲ့နော်... သူတို့တွေကို ဗက်တီးရီးယားတွေလို့မြင်ပြီး ဝေးဝေးကရှောင်၊ ထိမိတာနဲ့ လက်ဆေးပစ်..."
"ဘာလို့လဲ..."
"၁၀နှစ်ပေါင်းလာတဲ့အတွေ့အကြုံနဲ့ သတိပေးတာပါကိုကို...
ကျွန်တော်ရှောင်ဆို ရှောင်လိုက်နော်..."သူငယ်တန်းကတည်းက ၅တန်းကျောင်းသူတွေကို ချိုချဉ်သွားပေးပြီး ဖွန်စကြောင်၊ ၄တန်းမှာ ရည်းစားစာစရေး၊ ၅တန်းမှာ ကျောင်းအုပ်ကြီးရုံးခန်းကို စရောက်၊ အထက်တန်းတစ်လျှောက်လုံးလည်း အရပ်ရှစ်မျက်နှာမှာ မချိန်ဘူးတဲ့ အလှလေးတွေ မရှိလောက်အောင် သောင်းကျန်းနေတဲ့ ဒီသတ္တဝါနှစ်ကောင့်မျက်စိထဲကို ကိုကို့ပုံရိပ်ဝင်သွားအောင် ထားလိုက်မိမှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး စိတ်ချနေရမှာလဲ...။
"သူတို့က တစ်ပတ်နေမှ ရေတစ်ခါပဲ ချိုးတာဗျ... ပြီးတော့ အာပုပ်စော်လည်း နံသေးတယ်၊ အိမ်သာတက်ပြီးရင်လည်း ဘယ်တော့မှ လက်မဆေးဘူး... ကိုကို့သူငယ်ချင်း ကျွန်တော့်အစ်ကို ညစ်ပတ်တာထက်ကို သူတို့ကနှစ်ဆပိုညစ်ပတ်တာ... ကိုကိုပဲ စဉ်းစားကြည့်... မျောက်လိုကမြင်းကြောထ၊ ဝက်လိုညစ်ပတ်ပြီး ပက်ကျိလိုရွစိစိလုပ်နိုင်တဲ့ ဗက်တီးရီးယားနှစ်ကောင်က ကိုကို့အပေါ်မှာ ကပ်နေပြီးတော့ ချွဲကျိကျိအရည်တွေလမ်းကြောင်းလိုက်ချန်ခဲ့ရင်း ဟိုဟိုဒီဒီ လျှောက်သွားနေမယ်ဆိုရင်..."
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...