အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး

13 2 0
                                    

❄️❄️❄️

"ဟေ့ရောင်... မင်းကြိုက်လား..."

"မကြိုက်ဘူး..."

"ငါရောပဲ..."

"အာ... ငါမကြိုက်တိုင်း လိုက်မကြိုက်နဲ့လေကွာ..."

"ဘယ်သူက မင်းမကြိုက်လို့ လိုက်မကြိုက်ရမှာလဲ...
ငါ့ဟာငါမကြိုက်တာ..."

စကားအသွားအလာအရ အဲ့ဒါဘယ်သတ္တဝါတွေရဲ့ စကားပြောခန်းလဲဆိုတာ ပြောနေစရာမလိုလောက်ပါဘူး။ KFC မှာ treat ကြေးဆိုပြီး ဂိမ်းပြိုင်ဆော့ကြရင်း ကျွန်တော်နိုင်လို့ သင်းတို့ပိုက်ဆံနဲ့ ဝါးတီးလေးတစ်ခါလောက်ထိုင်ပါတယ်။ စားစရာရှိတာမစားဘဲ ဘေးကနေတတွတ်တွတ်နဲ့ ရွတ်နေကြပြန်ပြီ။ ကိုကို့ဆီ မက်ဆေ့ခ်ျပို့နေတာကို အာရုံနောက်ချက်ပဲ။ ဒီလိုအချိန်ဆို ဟိန်းသူရကို တအားသတိရတယ်။ ဒီကောင်က ဂိမ်းသိပ်မဆော့တဲ့သူမို့ အတူရှိမနေတာ နှမြောစရာ။ 

"လင်းခန့်..."

ပြိုင်တူအသံနဲ့လှမ်းခေါ်လို့ နှစ်ကောင်သားခုဏကတည်းက လက်ထဲကိုယ်စီကိုင်ပြီး ခေါင်းချင်းတိုက်တိုင်ပင်နေတဲ့အရာကို ကျွန်တော့်ဆီကမ်းပေးကြတယ်။

"ဘာလဲ..."

"နတ်ပြည်တက်တဲ့လက်မှတ်..."

"မင်းဘိုးအေရုပ်ရှင်ရုံက နတ်ပြည်လား..."

"မင်းကလည်း ရုပ်ရှင်ရုံက အဲကွန်းကလည်းအေးစိမ့်ပြီး မီးမှိန်မှိန်လေးအောက် ပေါက်ပေါက်လေးစားရင်း ဇာတ်ကားကို ဇိမ်ခံကြည့်ရတာကွာ... နတ်ပြည်ကို လက်မှတ်ဖြတ်တက်ရသလိုပဲမလား... ကံကောင်းရင် နတ်သမီးလေးတစ်ဖက်ငါးရာဆိုသလို ကောင်မလေးချောချောလေးတွေပါ ငမ်းလို့ရသေးတယ်"

"အဲ့ချောချောလေးတွေက ရုပ်ရှင်ရုံကို ရည်းစားနဲ့လာတာကွ... ပြီးတော့ ငါကမင်းတို့လို ဟိုဟိုဒီဒီလိုက်ချိန်ဖို့ စိတ်မဝင်စားဘူး... အားကြိုးခနဲဖိုက်ယူရမယ့် last boss ကိုကိုတစ်ယောက်လုံးရှိတယ်"

ပိတ်ဟောက်လိုက်တော့ စစ်မင်းသက်က အားကိုးတကြီးလေသံနဲ့ပြောတယ်။

"လုပ်စမ်းပါကွာ... အလည်ရောက်နေတဲ့ ငါတို့ဦးလေး Hollywood movie nerd ကြီးက မုန့်ဖိုးလိုချင်ရင်သူကြိုက်တဲ့ ရုပ်ရှင်ကားရုံတင်တာ သွားကြည့်ခဲ့၊ သူက စရုံတင်ကတည်းက ကြည့်ပြီးပြီမို့ ပြီးရင်သူနဲ့ဆွေးနွေးရမယ်ဆိုပြီး Mingalar Diamond မှာ လက်မှတ်နှစ်စောင်ဖြတ်ပေးလိုက်လို့..."

Heartless December❄️ ZG version Where stories live. Discover now