အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်

10 2 0
                                    

❄️❄️❄️

အငွေ့မျှင်မျှင်လေးတွေ ပျံတက်နေတဲ့ ကော်ဖီခွက်နှစ်ခွက်ဟာ စားပွဲရဲ့တစ်ချက်တစ်ချက်စီမှာ...။ ကျွန်တော့်ရှေ့ထိုင်နေတဲ့ နီညိုရောင်လည်ထောင်ကုတ်နဲ့လူကတော့ လက်ပိုက်လျက်ပဲ ကျွန်တော့်ကို မျက်လုံးစွေကြည့်နေရဲ့။

"ချာတိတ်... မင်းကဘာလို့ မနက်အစောကြီး ခွန်းကို ခိုးကြောင်ခိုးဝှက် လာချောင်းနေတာလဲ..."

"ကျွန်တော့်ကို အဲ့လိုလာမေးနေတဲ့ ခင်ဗျားကရော
မနက်အစောကြီး ဒီကိုဘာလာလုပ်တာလဲ..."

"ငါဘာလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ..."

"ဒီလိုပြောကြေးဆို ခင်ဗျားလည်း ကျွန်တော် ကိုကို့ကို
ဘယ်အချိန်လာချောင်းချောင်း တကူးတကခေါ်ဝေဖန်နေစရာ မလိုဘူးမလား"

"..."

ဘယ်လိုပြောရမလဲ။ တစ်ခြုံတည်းဝင်ပြီး သမင်ချောင်းမိတဲ့ ကျားနှစ်ကောင် အမြီးချင်းပုတ်မိရင် နေ့တစ်ဝက်လုံး ရန်စောင်လို့မပြီးဘူး ဆိုတာမျိုး။

အာကာဝေယံက သူ့ရဲ့ထီမထင်မျက်နှာထားနဲ့ ကျွန်တော့်ကို မျက်မှောင်ကျုံ့ကြည့်ရင်း ကော်ဖီခွက်ကိုကိုင်လိုက်တယ်။

"တကယ်လို့ မင်းတို့နှစ်ယောက် ပဋိပက္ခဖြစ်ထားတာမျိုးဆိုရင်တော့
ငါနဲ့သိပ်ဆိုင်တာပေါ့... ငါက ခွန်းမင်းကို တောက်ချလိုက်မယ့်အချိန်ကို စောင့်နေတဲ့သူလေ..."

ဒီလူတော့... အနံ့ခံအာရုံက တော်ရုံမဟုတ်ဘူးပဲ။
သူဝင်လို့ရမယ့် အခြေအနေပေးလာတာနဲ့ စင်ပေါ်တက်လာဖို့
အသင့်အနေအထားလုပ်ထားတဲ့ပုံ။

"မင်းတို့တွဲနေတာလည်း တစ်နှစ်ပြည့်ဖို့ သိပ်မလိုတော့ဘူးဆိုတော့... ဘယ်လိုလဲ... အယ်လ်ခွန်းဆိုတဲ့သူကို ချစ်ရတာ အဆင်ပြေလား ချာတိတ်..."

ကော်ဖီတစ်ငုံသောက်ပြီး ခွက်ပြန်ချလိုက်တဲ့နောက် သူ့နှုတ်ခမ်းပေါ် ပြေးဝင်လာတဲ့ ခပ်ထေ့ထေ့အပြုံးတစ်ခု။

"ခင်ဗျားကို ကျွန်တော်နဲ့ကိုကိုရဲ့အချစ်ရေးအကြောင်း ဝေမျှပေးဖို့ စိတ်ကူးမရှိဘူး..."

"အဟွန်း... မင်းက နပ်သားပဲ၊ ဒါဆို ငါနဲ့ခွန်းရဲ့ အချစ်ရေးအကြောင်း နားထောင်ကြည့်ရင်ရော ဘယ်လိုလဲ..."

Heartless December❄️ ZG version Where stories live. Discover now