အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ

12 2 0
                                    

❄️❄️❄️

ကိုကိုကတော့ တကယ်ဩချရလောက်ပါတယ်။
အဲ့ဒီနောက်နေ့တွေမှာ ကျွန်တော် stalker ဆက်လုပ်လိုက်တာ... ကိုကို အချိန်ပိုင်းအလုပ်ဝင်နေတာက ဘာဂါဆိုင်၊ စာအုပ်တိုက်အပြင်၊ convenience store တစ်ခုမှာရော၊ လျှပ်စစ်ပစ္စည်းဆိုင်နဲ့ city mart အထိ။ ဒါတောင် ကျွန်တော်မသိသေးတဲ့နေရာတွေ ရှိချင်ရှိအုံးမယ်။

နွေကျောင်းပိတ်ရက်က ကျောင်းဖွင့်ရက်လောက်တောင် အခြေအနေမပေးပါရောလား။ ဘာဗျူဟာမှ ကောင်းကောင်းမဆင်နိုင်ဘဲ တစ်နေ့နဲ့တစ်နေ့ သူ့အလုပ်နဲ့သူချာလပတ်လည်နေတဲ့ လူသားပုရွက်ဆိတ်လေးကိုကို့ကိုပဲ လိုက်ဖမ်းနေရတယ်။ ကိုကိုပြန်ရောက်မယ့်အချိန်ကိုတွက်ပြီး တိုက်ခန်းရှေ့သွားစောင့်နေမှပဲ မျက်နှာလေးကို ကောင်းကောင်းတွေ့ရတော့တယ်။

"ကိုကို... အဲ့ဒါတွေက..."

Laptop ရှေ့ထိုင်ပြီး number code တွေများစွာနဲ့ sheet တွေကို အထက်အောက်ဆွဲကြည့်နေတဲ့ အဲ့ဒီလူသားလေးနောက်ကနေ ခေါင်းပြူပြီး မေးကြည့်လိုက်တော့ မျက်မှန်ကိုင်းအကြည်လေးကို လက်နဲ့ပင့်ရင်း screen ကနေမျက်လုံးမခွာဘဲ ပြန်ဖြေတယ်။

"Translate လုပ်ရမယ့် စာဖိုင်တွေ..."

"အာ... ညဘက်ရောလား..."

ကျွန်တော့်ရဲ့ သံရှည်ဆွဲသွားတဲ့ အံ့ဩခြင်းအပြည့်နဲ့လေသံကို တစ်စုံတစ်ရာမတုံ့ပြန်တော့ဘဲ ကိုကိုဟာ English လိုရေးထားတဲ့ Movie Dialogue တွေကို select မှတ်လိုက်၊ ဖြူသွယ်တဲ့လက်ချောင်းရှည်ရှည်လေးတွေကို အသုံးပြုလို့ သွက်လက်မြန်ဆန်တဲ့လက်ကွက်တွေနဲ့ မြန်မာလိုရိုက်ထည့်လိုက်၊ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့တယ်။

အချိန်ပိုင်း Translator ပါ လုပ်တာလား...။
ဘယ်လိုလဲ...။ ပြောကြပါအုံး...။ ဒီလောက်ဆို ကျွန်တော့်ကိုကိုက Outstanding Award ရသင့်နေပြီမလား။

"ကိုကို..."

"..."

"ကိုကိုလို့..."

"..."

"ကိုကို... ကိုကို့ကို ကျွန်တော်ချစ်တယ်နော်..."

"ငါမင်းကိုမချစ်ဘူး"

"Yes!!!"

ပြန်ပြောတယ်။ ပြန်ပြောသေးတယ်။
တော်သေးတာပေါ့။ လုံးဝ လျစ်လျူရှုမခံရသေးဘူး။

Heartless December❄️ ZG version Where stories live. Discover now