🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂

38 2 0
                                    


(Alert : The first pages of this chapter might contain some mature words and scenes. Make sure you're around 18 before reading and if you've decided to read w/t skipping lines, plz keep the contents where it should be kept. Thank you <33)
______________________________________

❄️❄️❄️

မျက်မှန်လေးကိုချွတ်ပေးပြီး စားပွဲပေါ်တင်လိုက်တဲ့နောက်...
ခွန်းရဲ့ အထက်ပိုင်းဗလာဖြစ်နေတဲ့ခန္ဓာကိုယ်ပေါ်မှာ ငါ့နှုတ်ခမ်းတွေ နေရာစုံရောက်ခဲ့တယ်။ ဖြူဖွေးနေတဲ့ သူ့အသားအရည်လေး မရမ်းရောင်သမ်းသွားတဲ့အထိ အမှတ်တံဆိပ်တွေ နာနာချခဲ့တယ်။ French kiss... lip trace kiss... ငါကျွမ်းကျင်တဲ့အနမ်းမျိုးစုံကို ပြည့်ပြည့်ဝဝသုံးပြီး သူ့စိတ်ကိုဆွခဲ့တယ်။

ယောက်ျားဆန်ဆန် သင့်သလောက်ကျယ်ပြန့်တဲ့ သူ့ရင်အုပ်ပေါ်က ချယ်ရီပွင့်လေးတွေကို နမ်းတစ်လှည့်၊ စုပ်တစ်လှည့်ကျီစားပေးလိုက်၊ကြွက်သားအမြောင်းလိုက်မရှိပေမယ့် သူ့ဟာနဲ့သူ ကျစ်ကျစ်လျစ်လျစ်တည်နေတဲ့ ဗိုက်သားလေးကို
နှုတ်ခမ်းနဲ့တစ်ချီ၊ လက်ချောင်းတွေနဲ့တစ်လှည့် နှိပ်နယ်ပေးလိုက်နဲ့ သူငါ့အထိအတွေ့တွေမှာ သာယာပျော်ဝင်လာအောင် ခန္ဓာကိုယ်နှစ်ခုကြား နွေးထွေးတဲ့ကနဦးပွတ်တိုက်မှုလေးတွေ ဖန်တီးပေးတယ်။

ပြဿနာက ခွန်းဆီကနေ ဘာတုံ့ပြန်မှုမှပြန်မရတာပဲ။ သူကငါ့ကို လုံးဝမကြည့်ဘူး။ အသံလည်း တစ်စက်မှ မထွက်ဘူး။ မလှုပ်မရှားနဲ့ ငါ့လက်တွေသယ်ရာကိုပဲ သူရွေ့တယ်။ မျက်တောင်ခတ်၊ အသက်ရှူနေလို့သာ သက်ရှိလို့ ယုံရတာ ခွန်းက တကယ့်အရုပ်တစ်ရုပ်လိုပဲ။

တစ်နေရာဆီလွှဲထားတဲ့ သူ့မျက်လုံးအကြည့်တွေက အရင်ကလို ငါ့အထိအတွေ့တွေကို သဘောတကျလက်ခံတဲ့ပုံစံမျိုးမဟုတ်ဘဲ
ငါဖတ်မရတဲ့အဓိပ္ပါယ်တစ်ခုခု ကိန်းအောင်းနေတယ်။ သူဘာတွေတွေးနေလဲဆိုတာ ငါနားမလည်ဘူး။ ဒါပေမယ့် ငါ့အလုပ်ကိုငါ ဆက်လုပ်ခဲ့တယ်။ ဘောင်းဘီဇစ်တွေ စဖြုတ်တယ်။ သူ့ပေါင်သားဖွေးဖွေးတွေနဲ့ ခြေတံသွယ်သွယ်ရှည်ရှည်လေးတွေဆီ ငါ့လက်တွေကို ခရီးသွားခိုင်းတယ်။ ကျစ်လစ်ချောမွတ်နေတဲ့ သူ့အလှတရားတွေကို ပိုပြီးအသက်ဝင်လာအောင် နှိုးဆွပေးတယ်။ ငါနည်းမျိုးစုံနဲ့ သူ့ကိုတက်ကြွလာအောင် သိမ်းသွင်းခဲ့တယ်။ ဒါပေမယ့် ငါဘယ်လောက် သူ့အငယ်လေးကိုနှိုးနှိုး ခွန်းကကြာလေလေ လိင်စိတ်ကင်းမဲ့နေတဲ့သူလို ဖြစ်လာလေလေပဲ။ ငါအဲ့ဒါကို သဘောမကျဘူး။

Heartless December❄️ ZG version Where stories live. Discover now