ဒီအပိုင်းမှာပါဝင်တဲ့ အကြောင်းအရာတွေက main story နဲ့ ကွဲလွဲနေနိုင်သလို အဓိပ္ပာယ်လည်း ရှိချင်မှရှိပါမယ်။ Special Chapter တစ်ခုအဖြစ် ထည့်သွင်းထားခြင်း သက်သက်ဖြစ်တာမို့ သတင်းစာအချပ်ပိုလို သဘောထားပြီး ပေါ့ပေါ့ပါးပါး ဖတ်ပေးရင် အဆင်ပြေပါလိမ့်မယ်။ Please enjoy the chaos and unhinged jokes as it is. Things may be cute and/or cringy 'cause this is HD!
_________________^ x ^________________🎃🎃🎃
ဒီအကြောင်းကိုပြောဖို့ဆို ကျွန်တော်ကိုကို့အချစ်ကိုရဖို့ ကြိုးပမ်းကြံဆနေခဲ့တဲ့ တစ်နှစ်တာထဲက ဆောင်းဦးရာသီ လတစ်လဆီ ပြန်သွားရလိမ့်မယ်။
အနောက်ကောင်းကင်မှာ ဆေးနီတွေ လင်းမလိုပြယ်မလိုဖြစ်နေတဲ့ အောက်တိုဘာ ၃၁ ရက်ရဲ့ ညနေခင်း။ ကျွန်တော့်ပြိုင်ဘီးနီလေးကို ဗာဒံပင်နားမှာထောင်ခဲ့ပြီး လှေကားထစ်တွေကို ခပ်သွက်သွက်တက်လို့ လက်ထဲပါလာတဲ့ အဝတ်စဖြူကို ဖြန့်ပြီးခြုံလိုက်တယ်။ အိမ်ကခန်းဆီးစကိုဖြုတ်ယူပြီး မျက်လုံးပေါက်ဖောက်လာခဲ့တာမို့ ပြန်ရောက်ရင်တော့ အမေနဲ့ရှင်းရမယ်။ ကိစ္စမရှိပါဘူး။ Halloween Day ဆိုတာ ကျွန်တော့်အိမ်ရဲ့သုံးလမ်းကျော်မှာနေတဲ့ ရေခဲတောင်သခင်ရဲ့ ချိတ်ပိတ်ထားတဲ့နှလုံးသားကို သွားသိမ်းပိုက်ဖို့ရာ သင့်တော်တဲ့ ရက်ကောင်းတစ်ရက်ပဲ။
လှေကားထိပ်အခန်းကနေ convenience store သွားဖို့ထွက်လာပုံရတဲ့ ခေါင်းစုတ်ဖွားနဲ့လူက ခန်းဆီးစဖြူကြီးရွေ့လာတာမြင်ပြီး အော်ဖို့ပြင်တော့ သူ့ပါးစပ်ကိုဆွဲပိတ်၊ အသာနေဖို့ပြောရင်း နောက်တစ်ခန်းရဲ့တံခါးရှေ့ကို ဆက်ချီတက်ခဲ့တယ်။
"အဟမ်း..."
"ဒေါက် ဒေါက် ဒေါက်..."
တစ်ခါတံခါးခေါက်လို့ပေါ်မလာသေးရင် နောက်တစ်ခါထပ်ခေါက်တာပေါ့။
"ဒေါက် ဒေါက် ဒေါက်..."
ဒုတိယတစ်ခါမှာ တံခါးချပ်အဖြူရောင်ဟာ ကျွီခနဲပွင့်သွားမယ်။ ကျွန်တော်လက်ကလေးဖြန့်ပြီး တစ်ခုခုအော်ဖို့ ပြင်လိုက်မယ်။
"ခဏလေး..."
"ဗျာ..."
တံခါးပြန်ပိတ်ပြီးဝင်သွားရာက ခဏအကြာမှာ ဆွယ်တာအဖြူလေးနဲ့ အိမ်ရှင်ဖြစ်သူပြန်ထွက်လာမယ်။
YOU ARE READING
Heartless December❄️ ZG version
RomansaHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...