❄️❄️❄️နောက်ဆုံးတော့ ကျွန်တော်လည်း လူပါပဲ။
ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုအားကောင်းတဲ့ လူငယ်လေးဖြစ်အုံးတော့ ကော်ရှင်မာ့ခ်ထောင်နေတဲ့ ကိစ္စတစ်ခုမှာ ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ တစ်ယောက်တည်း တိတ်ခွေအစပျောက် လိုက်တွေးနေရင်း ခေါင်းပူရတာကိုတော့ ကြာကြာမခံနိုင်ဘူးပဲ။ပြင်ဦးလွင်ကနေ ပြန်ရောက်ပါပြီဟဲ့ဆိုကတည်းက စက်ဘီးဆွဲလို့ သုံးလမ်းကျော်ကို ဦးတည်လိုက်တယ်။
ကိုကိုအိမ်တံခါးရှေ့ရောက်တော့ မတုံ့မဆိုင်းဘဲ သုံးချက် ခေါက်လိုက်ရင်း နာရီကိုကြည့်မိတာ မနက် ၉ နာရီ ခွဲ။
ဒီနေ့ ကျောင်းပိတ်ရက်လေ...။ ကိုကို အိမ်မှာရှိလောက်မှာပါ။
ဖုန်းကစက်ပိတ်ထားတာမို့ ဘယ်လိုမှဆက်မရဘူး။ပြင်ဦးလွင်ကနေ ပြန်မရောက်သေးတာတော့ မဟုတ်လောက်ဘူးမလား...။ ရည်းစားဟောင်းနဲ့ ညအိပ်ခရီးတော့ မဟုတ်လောက်ဘူးမလား...။
တဖြည်းဖြည်း လှိမ့်တက်လာတဲ့ အတွေးနဲ့အတူ တံခါးခေါက်သံက ”ဒေါက် ဒေါက် ဒေါက်” ကနေ ”ဒုန်း ဒုန်း ဒုန်း” ဖြစ်လာတုန်းမှာ ခံစားလိုက်မိတာက ကျွန်တော့်ပခုံးပေါ် ရုတ်တရက်ကျလာတဲ့ လက်ဖဝါးတစ်ခုရဲ့ နွေးထွေးမှု။
"မင်း ငါ့တံခါးကို လာချိုးနေတာလား..."
ဒီလို နှုတ်ဆက်ပုံထောက်ရင် ကိုကိုမှတစ်ပါးအခြားမရှိပါပဲ။
"ကိုကို... ကိုကို ဘယ်ကပြန်လာတာလဲ...
ဘယ်ကပြန်လာတာလဲဟင်...""ဘာဖြစ်..."
"ဘယ်က ပြန်လာတာလဲ"
ပြန်မေးခွင့်မပေးဘဲ သူ့ပခုံးနှစ်ဖက်ကို ကိုင်ဆုပ်လို့ မျက်လုံးချင်းဆုံးအောင်ကြည့်ပြီး မေးခွန်းတစ်ခုတည်းကို အော်မေးနေတဲ့ ကျွန်တော့်ကို ကိုကိုက ထူးဆန်းသလိုကြည့်လာရင်း မျက်မှောင်ကျုံ့လိုက်တယ်။
"စာရေးကိရိယာဆိုင်က..."
လက်ထဲကိုင်လာတဲ့ A4 ပါကင်တစ်ထုပ်ကို ကျွန်တော့်မျက်နှာတည့်တည့် ဘတ်ခနဲ ကပ်ပေးလိုက်ရင်း သူ့ကိုကိုင်ထားတဲ့လက်တွေကိုပါ ဆွဲဖြုတ်လို့ လူကိုရှောင်သွားပြီး တံခါးဖွင့်နေရဲ့။
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...