အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်

15 2 0
                                    

❄️❄️❄️

"ငါ ဝေယံ့ကို ဘယ်သူနဲ့မှမတူအောင်... သိပ်ချစ်ခဲ့တယ်..."

ကိုကို့နှုတ်ခမ်းဖျားကထွက်လာတာက ဒီအတိုင်း ကျွန်တော်ခန့်မှန်းထားပြီးသားဖြစ်နေတဲ့ အဖြေတစ်ခုပဲဟာ...။

ကိုကိုညာပြောခဲ့ရင် ကျွန်တော်တန်းပြီးသိမှာပါပဲ။
ကျွန်တော့်အပေါ်မှာ ပွင့်လင်းစေချင်တာမို့ ညာပြောမှာကိုလည်း မလိုချင်ပါဘူး။

ဒါပေမယ့်... ကိုကိုရာ...။ ခင်ဗျား အမှန်အတိုင်း ပြောလိုက်တာလေးတွေက နည်းနည်းတော့ ခံရခက်သားပဲ။

"အချစ်ကိုစိတ်ကုန်စအချိန်မှာ... သူ့ကိုငါ့ရဲ့နောက်ဆုံးကြိုးစားမှုအဖြစ် ချစ်ကြည့်ခဲ့တာ..."

စကားပြောနေရင်း စားပွဲခုံပေါ်တင်ထားတဲ့သူ့လက်ကို အောက်ချလိုက်တာ မြင်ရတယ်။ လူတွေက ခံစားချက်ကို ဖုံးကွယ်ချင်တဲ့အချိန်မျိုးမှာ လက်ကို နေရာပြောင်းတတ်ကြသတဲ့။

"အဲ့ဒီကြိုးစားမှုလေးက အချိန်အတော်ကြာတဲ့အထိ အရာထင်ခဲ့တယ်... ငါလည်း နောက်ထပ်အချစ်ဆိုတာ မရှိတော့မယ့်အတိုင်း သူ့ကိုပုံအောပြီး ချစ်ခဲ့တယ်..."

"ဒါပေမယ့် ငါကြိုးစားတိုင်းလည်း အချစ်တစ်ခုက တည်မြဲနိုင်တာမှမဟုတ်ဘဲ၊ အချစ်ရော... ဘဝရော... နှစ်မျိုးလုံးကို လိုချင်သလိုပိုင်ဆိုင်ရဖို့က အခွင့်အရေးသိပ်နည်းတယ်၊ ကံကောင်းတဲ့သူ ဒါမှမဟုတ် သိပ်ကိုကြိုးစားလွန်းတဲ့သူမှ ဖြစ်နိုင်မှာပဲ... ငါက နှစ်မျိုးလုံးမဟုတ်ဘူး...၊ ငါက... အချစ်ကိုကိုးကွယ်ဖို့ ဘဝကို မစွန့်လွှတ်ရဲဘူးလေ..."

"..."

"ငါသူ့ကိုသိပ်ချစ်ခဲ့တာကိုတော့ ငြင်းလို့မရဘူး...
ဒါပေမယ့် ပြီးသွားပါပြီ...၊ ငါ...လေးငါးနှစ်လောက် ရူးသွပ်နေခဲ့မိတာ ဖြစ်မှာပါ... အချစ်က အဲ့သလောက်ကြီးလည်း သိမ်မွေ့တဲ့အရာ မဟုတ်ပါဘူး..."

ကျွန်တော် ကိုကို့မျက်နှာကို ခိုးပြီးကြည့်လိုက်တော့... သိပ်ပြီးတည်ငြိမ်မနေပေမယ့် သိပ်ပြီးလည်း ဝမ်းနည်းနေပုံမပေါ်တာ တွေ့ရတယ်။

"ကိုကို့ကို ကျွန်တော်တစ်ခုဝင်ပြောလို့ရလား..."

"ဘာလဲ..."

Heartless December❄️ ZG version Where stories live. Discover now