❄️❄️❄️
ဒီဇင်ဘာ ၁၂ ရက်၊ ညနေခင်း။
ကျွန်တော်ကျောင်းကအပြန် ရေမိုးချိုးပြီးကာစမှာ ကိုကို့ဆီက ဖုန်းဆက်လာတာနဲ့ ခေါင်းမသုတ်ရသေးခင် ပြေးကိုင်လိုက်တော့...။"ဟယ်လို... ကိုကို ဖုန်းတွေဘာတွေဆက်လို့ပါလား..."
"မင်း အခုဘာလုပ်နေလဲ..."
ခေါင်းပေါ်က တဘက်ရေစိုကိုဆွဲချလိုက်ရင်း...။
"ရေချိုးပြီးလို့ ခေါင်းသုတ်နေတယ်..."
"ခြောက်အောင်သုတ်ပြီး အနွေးထည်သေချာဝတ်ခဲ့...
မိုးမချုပ်ခင် ခဏလောက် အပြင်သွားရအောင်..."ကျွန်တော်ဂျာစီတစ်ထည်နဲ့ မာဖလာနီလေးကို လှမ်းဆွဲယူလိုက်တယ်။
"အခုချက်ချင်းပြေးလာပါပြီ ကိုကို..."
"ခေါင်းခြောက်အောင်သုတ်ခဲ့..."
"ဟုတ်..."
* *
"ခေါင်းခြောက်အောင်သုတ်ခဲ့လို့ သေချာပြောလိုက်တာကို..."
သူ့အိမ်ရှေ့တံခါးရှေ့မှာ မျက်စိစိုက်နေတဲ့ဆံပင်ရေစိုနဲ့ရပ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး ကိုကိုက အထက်ကအတိုင်း ရေရွတ်လိုက်တယ်။
"၀င်ခဲ့... ငါမင်းကို လေမှုတ်ပေးမယ်..."
ကျွန်တော့် မျက်နှာဝင်းခနဲဖြစ်သွားတာပဲ။ ရခဲမျှအခွင့်အရေးကို လက်အလွှတ်မခံနိုင်တဲ့အတွက် နှစ်ခါမပြောရဘဲ အထဲဝင်လာခဲ့တာပေါ့။
ကော်ဇောပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ရင်း ကိုကိုလေမှုတ်စက်သွားယူတာကို စောင့်လိုက်တယ်။
"ကိုကို့ဦးလေးရော..."
"ပြန်သွားပြီ..."
"ဗျာ... ဩစတြေးလျနဲ့ဒီကို တစ်ညအိပ်ပဲလား... ရောက်ပြန်ကြီး..."
"အလုပ်ကိစ္စရှိသေးပေမယ့် သုံးရက်နေမယ်လို့ပြောတယ်... သူဒီမှာနေလည်း ငါမအားလို့ ဘယ်မှလိုက်မပို့နိုင်ဘူးဆိုပြီး ပြန်ဖို့ပြောလိုက်တာ..."
ခင်ဗျားကလည်းဗျာ။ တူတစ်မျက်နှာနဲ့ လာခဲ့ရတဲ့ အန်ကယ်ခေါန်မြတ် သနားဖို့ကောင်းနေပြီ။
YOU ARE READING
Heartless December❄️ ZG version
Lãng mạnHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...