1

2.8K 44 1
                                    

ကျွန်တော့်နာမည်ဒေါနမောင် လူအများစုကတော့ဒေါနလို့ခေါ်ကြတယ်။ ပြီးတော့ သူတို့ကပြောကြသေးတယ်ဗျကျွန်တော်ကဒေါနပန်းကလေးကိုလှတယ်မွေးတယ်တဲ့လေ။အဲ့တာတွေသူတို့မြင်နေရတဲ့ကျွန်တော့်ရဲ့ စိတ်ကမ္ဘာတစ်ဘက်ခြမ်းပေါ့။တစ်ကယ်တမ်းကျတော့ ကျွန်တော်ဟာသူတို့ထင်သလိုလှပတဲ့ဒေါနမဟုတ်သလို မွေးကြိုင်နေတဲ့ဒေါနလည်းမဟုတ်ပါဘူးဗျ။ ကျွန်တော့်ရှင်သန်မှု့ကအဓိပ္ပါယ်မဲ့တယ် နှစ်နှစ်လလတိတ်တခိုးချစ်ခဲ့ရသူဆီကပြန်ရခဲ့တာကျွန်တော့်အတွက်တော့ နှစ်သိမ့်မှု့တာပြန်ရတာမျိုးပေါ့ ကျွန်တော့်ရဲ့ဦးခိုင်ဟာ ဆူတစ်​ချောင်းအဖြစ် ကျွန်တော့်နှလုံးသားမှာစိုက်ဝင်နေရင်တောင်မှကျွန်တော်ဆွဲမနုတ်ရက်တဲ့အချစ်ဆူး
တစ်ချောင်းသာ

•••2019ခုနှစ်မိုးရာသီ ••••

ရန်ကုန်မြို့မှာဒီလိုအချိန်မိုးရွာရင်သိပ်စိတ်ညစ်ဖို့ကောင်းတယ် အထူးသဖြင့်ကျွန်တော့လိုထီးဆောင်ပျင်းတဲ့သူအ
တွက်ပေါ့ ။ မောင်ကတော့အရင်တိုင်းထုံးစံမပျက် ထီးမေ့ကျန်ခဲ့ပြန်ပြီ။ လက်ကနာရီကိုငုံကြည့်မိပြန်တော့ ရှစ်နာရီခွဲနေပြီ။
"ဟူးးးးး"

"ဒေါနမောင်ရေ...အားတိုင်းထီးကိုမေ့နေလိုက်တော့ "

မောင်တစ်ယောက်ကိုယ့်ကိုအားမရစွာပြန်ရေရွတ်ပြီး မိုးရပ်တဲ့ထိဒီကွမ်းယာဆိုင်လေးမှာ မိုးခိုနေဖို့ဆိုရင်ကလည်း။ကားမှတ်တိုင်ကို နာရီဝက်နီးပါးလမ်းလျှောက်ရမှာနဲ့ဆိုရင်ကျောင်းကိုရောက်ချိန်နောက်ကျလိမ့်မယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ ဟူးရှုပ်ပါတယ်မိုးစိုရင်လည်းစိုပါစေတော့ ကားမှတ်တိုင်ကိုရောက်အောင်ဒီတိုင်းပြေးရမှာဘဲ။

"ဒေါနမောင်ရေဖိုက်တင်း"။

"တစ်..နှစ်..."
မောင်တစ်ယောက်မိုးရေထဲကို ပြေးထွက်ဖို့ခြေလမ်းရေတွက်နေတုန်းမှာ

"ဟေ့ချာတိတ် မိုးသဲနေတာကိုဒီတိုင်းပြေးသွားမလို့လား"

"ဗျာ..ကျွန်တော့်ကိုပြောတာလား"

"ကျစ်"

မောင်ထိုသူကိုပြန်မေးလိုက်တော့သူကစိတ်မရှည်သလိုကျစ်...ဆိုတဲ့အသံထွက်လာခါ

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now