8

277 6 0
                                    

အချိန်တွေဟာတစ်ရွေ့ရွေ့နဲ့ပြောင်းလဲလာလိုက်တာယခုဆိုမောင် ဦးခိုင်ဆီမှာစာသင်တာ တစ်ရာသီပင်ပြည့်တော့မည် မကြာတော့မှီမောင်တို့စာမေးပွဲနီးလာသဖြင့် ဦးခိုင်ကမောင်တို့ကိုအရင်ကထက်ပို၍တင်းကြပ်လေသည်  မော့င်မှာအခုဆိုရန်ဖြစ်ဖို့လည်းအချိန်မရသလိုဂိမ်းဆိုင်ဆိုတာဘယ်နားနေမှန်းမသိရုပ်ရှင်ဆိုသည်မှာလည်းဘာကားပြမှန်းပင်မသိအောင်ဖြစ်နေတော့၏  အချိန်ကြာမှသိရသည်က ဦးခိုင်ကစည်းကမ်းသိပ်ကြီးသလို ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးသည်။ ဒီနေ့တော့ဝေယံတို့နဲ့ရုပ်ရှင်ကြည့်ဖို့ရာဦးခိုင်ဆီမှခွင့်ရသဖြင့်မောင်ဒီနဲ့အတူသွားဖို့ရာပြင်ရ၏

---------------

"ဒေါန၊ဒီပါ"

ဒေါင့်ဆုံးဝိုင်ကကနေလက်ယန်းပြလာတဲ့ဝေယံကိုတွေ့တော့မောင်တို့နှစ်ယောက်လည်းထိစာပွဲရှိရာသို့လျှောက်သွားလိုက်
၏။ ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာမို့
မောင့်တို့သုံးယောက်ရဲ့အားလပ်ရင်ပင်။
ရုပ်ရှင်ကြည့်ရတာအထူးကြိုက်နှစ်သက်တဲ့ ဝေယံဟိန်းမောင်ကြောင့် မောင်နဲ့ဒီပါအပါဝင်ရုပ်ရှင်ကိုဆွဲလန်းနေလေပြီ။

"မေဘေးလေးတွေ နောက်ကျလိုက်တာ ငါကမလာတော့ဘူးမှတ်နေတာ"

"လာမှာပေါ့ဟ မလာလို့ရမလား ကြာနေတာကငါမဟုတ်ဘူး။ မင်းယဖဒေါနမောင် မပြောလိုက်ချင်ဘူး ရေချိုးခန်းထဲမှာဘဝကူးသွားပြီလာမှတ်ရတယ်။"

"နှလေးလေးမင်းကရောဘာထူးလို့လည်း။ရှိုးထုပ်စရာမျက်မှန်ကြီးကျန်ထားလို့ လမ်းတစ်ပိုင်းကနေပြန်သွားယူရသေးတယ်မလား"

ဝေယံဟိန်းမောင်ကတော့သူကိုအရှေ့မထားပြီး တစ်ယောက်ပြစ်ချက်တစ်ယောက်ရှာကာထောက်ပြနေတဲ့နှစ်ယောက်ကိုကြည့်ပြီးခေါင်းတွေမူလာရ၏ ဒေါနနဲ့ဒီပါအရင်ကတည်းကတွေတာနဲ့တစ်နဲ့ဖဲ့နေကြပင် အဲ့လိုအချိန်တိုင်းမှာဝေယံကတာဝင်ဖြေရှင်းပေးရ၏

"ကဲ့တော်ကြပါတော့ ယဖတို့ရယ် မင်းတို့နှစ်ယောက်ကိုကြည့်ပြီးငါခေါင်းတွေမူးလာပြီဟ"

ဝေယံအသံကြောင့်ငြင်းခုံနေကြတဲ့ဒီပါနဲ့မောင်တို့အသံတွေတိတ်သွားရ၏ သို့ပေမယ့်မောင်ကတော့ ယဖအခေါ်ခံလိုက်တာမိုစိတ်ကသိပ်မကြည်တော့ပေ

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now