"နေပါဦး...သားရှိန်ရယ် ဒါအဖေ့ကိုနောက်ပြောင်ရမယ့်ကိစ္စမဟုတ်ဘူးနော်"
သားဖြစ်သူပြောလာတဲ့စကားကြောင့်ဦးဆက္ကန့်သွေးပင်တိုးသွားရ၏ သူ့မှာတွယ်တာစရာဒီသားလေးတစ်ယောက်တာရှိတာမို့ သူအများကြီးမျှော်လင့်ထားခဲ့တာမဟုတ်လား။သူပြောပါတယ်မျက်ခုံးလုပ်နေတယ်လို့အခုတော့သူမထင်မှတ်ထားတဲ့စကားကိုပြောလာခဲ့လေပြီ ။
သို့ပေသိ သားရဲ့ဖြစ်တည်မူ့ကိုတော့သူမကန့်ကွက်လိုပါ ဒါပေမယ့်သူအတွက်အချိန်တော့ယူရပေမည် လက်မခံနိုင်လို့ဆိုတာထက် သားအပေါ်ကျရောက်မယ့်ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ဒဏ်တွေကိုကာကွယ်ဖို့အတွက်တာဖြစ်၏ သူဟာသာရဲ့ဖြစ်တည်မှု့အပေါ်ဘယ်သောအခါမှကန့်ကွက်မယ့်သူမဟုတ်ပေ"အဖေ ....."
သူ့ကိုမျှော်လင့်ချက်အပြည့်မျက်ဝန်းတွေနဲ့ကြည့်ပြီးခေါ်လာတဲ့သားဖြစ် ကိုသူဘယ်လိုနည်းလမ်းနဲ့ဆူရက်နိုင်ပါ့မလဲ တားရက်နိုင်ပါ့မလဲ
"သားရှိန်....သားအပေါ်အဖေအများကြီးမျှော်လင့်ထားခဲ့တာသားသိတယ်မလား"
"ဟုတ်ကဲ့...."
"သားနဲ့သူရဲ့အခြေနေကရော "
"သားသူ့ကိုဖွင့်မပြောရသေးဘူးဖေဖေ သားပထမဆုံးဖေဖေ့ကိုပြောပြတာပါ"
သားဖြစ်ပြောလာတဲ့စကားကို ဦးဆက္ကန့်ခေါင်းညိမ့်ပြလိုက်တော့သားကသူအရှေ့မှာလာထိုင်နေ၏
"သားအဖေ သားရဲ့ဖြစ်တည်မှု့ကိုမတားစီးချင်ဘူး ဒါပေမယ့်အဖေတစ်ယောက်အနေနဲ့တော့အတ္တကြီးပါရစေ"
"ဟုတ်ကဲ့.."
"သားဒီတစ်ခါလောက်ဘဲအဖေ့ဆန္ဒကိုလိုက်ရောပေးပါ"
"ဟုတ်ကဲ့ဖေဖေ"
"တောင်ကြီးမှာရှိတဲ့ဖေဖေ့ရဲ့ခြံလုပ်ငန်းတွေကို 2နှစ်တိတိသွားဦးစီးပေးပါ"
"ဟုတ်ကဲ့"
"ဒါပေမယ့်သားတို့ကိုအဆက်သွယ်ဖြတ်ရမယ်လို့ဖေဖေမဆိုလိုဘူး သားရန်ကုန်ကိုသုံးလတစ်ခါပြန်လာလို့ရတယ် ဒီအတော့အတွင်းဖေဖေသားတို့ကိုစောင့်နေမယ်"
"ဖေဖေတကယ်ပြောတာလား 2နှစ်ပြည့်ပြီး လို့သားတို့အဆင်ပြေရင်လက်ခံပေးမယ်ဆိုတဲ့သဘောပေါ့နော်ဖေဖေ"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏