"ဦးခိုင်"
တိုးခိုင်ဖိုင်တွဲတွေလက်မှတ်ထိုးနေတုန်းအပြင်ကနေတံခါးခေါက်လာတဲ့ချာတိတ်ကြောင့်ဖိုင်တွဲကိုပိတ်ထားပြီးဝင်ခဲ့ဖို့ပြောရတော့၏
"ဝင်ခဲ့လေအမောင်"
"ဟုတ်ကဲ့"
"ကဲ့ဆိုပါဦးစောစောစီးစီးအိမ်ကိုရောက်
လာရတဲ့အကြောင်းလေး ""အမောင်ကြာဇံချက်လာပို့တာ"
"ဟုတ်လား.. ကိုယ်လည်းမနက်စာမစားရသေးတော့အတော်ဘဲ"
ဦးခိုင်စကားကြောင့်အမောင်နာရီကြည့်လိုက်တော့ဆယ်နာရီတောင်ထိုးတော့မည် အခုချိန်ထိမနက်စာမရသေးဘူးဆိုတော့ အမောင်စိတ်ပူသွားရ၏
"ဦးခိုင်ဘာလို့မနက်စာမစားတာလည်း"
စူပုတ်ပုတ်နဲ့မေးလာတဲ့ချာတိတ်ကြောင့်တိုးခိုင်ပင်မင်သက်သွားရသည် မထင်ရင်မထင်သလိုစိတ်ထကောက်တတ်ပြီး
ရစ်ကလည်းရစ်တတ်သေးသည်မဟုတ်လား လက်နဲ့မြေကြီးနဲပြုတ်လို့သာလွဲရင်လွဲရမယ်ဒီနေ့တိုးခိုင်လင်းတစ်ယောက်အရစ်ခံရတော့မှာကတော့မလွဲဧကန်"ဦးခိုက်ကကို့ကိုဘယ်တော့မှဂရုမစိုက်ဘူးအမောင်ကိုသာ ဟိုဟာမစားနဲ့ဒီဟာမစားနဲ့ဆိုပြီးမှာနေတာ"
"ဟုတ်ပါပြီကွာ ကိုယ်နောက်နေ့ဆိုစောစောစားမယ်ဟုတ်ပြီလား"
"အခုတော့ကြာဇံချက်နွေးတာပြီလာစားတော့"
"ဟုတ်ကဲ့.."
"ဘာရှာနေသလဲချာတိတ်"
"ငရုပ်သီးမုန့်"
"မရှိဘူး ..."
"ဟွန်း ဦးခိုင်ကလည်းကြာဇံချက်ကငရုပ်သီးမုန့်ပါမှစားကောင်းတဲ့ဟာကို"
"မမနုငယ်ငရုပ်သီးမုန့်ဘယ်နားထားလဲဟင်"
နုငယ်တစ်ယောက်အိတုံလေးကိုထမင်းခွံနေတုန်အမောင်မေးလာသောကြောင့်ဖြေဖို့လုပ်ခါမှ အနောက်ကနေခေါင်းခါပြလာတဲ့အကိုကြီးကြောင့် မြင်နေရတဲ့ငရုပ်သီးမုန့်ဘူးလေးကိုမျက်လုံးလွဲလိုက်ရ၏
"မရှိတော့ဘူးအမောင် မမနုငယ်သွားမဝယ်ရသေးဘူး"
နုငယ်နဲ့မေမေကတော့အမောင်လာပို့ကတည်းကပူပူလေးစားပြီးကြပြီဖြစ်
တာမို့ငရုပ်သီးမုန့်ကနေရာပြောင်း
နေတာပင်
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏