"ချာတိတ်ဆေးသောက်ရမယ် "
ဆေးဆိုတဲ့အသံကြားရုံနဲ့အမောင့်မျက်နှာဟာ ရှုံမဲ့လာ၏ သိုပေမယ့်ဒီကလေးကိုဆေးမတိုက်လို့မဖြစ် ညကတစ်ညလုံးအိမ်သာကိုအိပ်ရာမှတ်နေရသူမလား တကယ်ပါ မတည့်တာတွေစားပြီး ဝမ်းပျက်နေတာကိုသူ့မပြောဘဲကြိတ်ခံနေတယ်တဲ့လေ အိမ်သာကိုခေါက်
တုံ့ခေါက်ပြန်သွားနေရတဲ့ချာတိတ်ကိုကြည့်ပြီး မနေ့ကမာလကာသီးသုပ်ကြွေးမိတဲ့သူ့ကိုသူတာအပြစ်မြင်နေမိတော့၏"အမောင် သက်သာနေပါပြီ"
"ချာတိတ်အပ်နဲ့ထွင်းရာမယ်ဒဏ်ရာကိုပုစိန်နဲ့ပေါက်ရအောင်မလုပ်ချင်စမ်းနဲ့"
"......"
တိုးခိုင်ထိုသို့ပြောလိုက်ပြန်တော့ လည်းမျက်နှာလေးကမိုးပြိုတော့မလိုအုံကျလာပြန်၏ စိတ်မရှည်တတ်တဲ့တိုးခိုင်က ဆေးကြောက်တဲ့ချာတိတ် ထုံးစံတိုင်လေသံမာမိပြန်၏
"ဟေး..ငိုတော့မလိုလား "
"ဉီးက အမောင့်ကိုဆူတယ်..."
အမောင့်စကားကြောင့်တိုးခိုင် ပြုံးရပြန်၏ ဒီကလေးနေမကောင်ရင်အခုလိုချွဲတတ်လေသလားပေါ့။ အင်း...ချာတိတ်ကအခုလိုပုံစံကလေးနဲ့လည်းတစ်မျိုးလေးချစ်စရာကောင်းနေပြန်တာဘဲ
"အီးဟီး...."
"ဟာကိုယ်က အမောင့်ကိုဆူတာမဟုတ်ဘူးလေ ကိုယ်ကစိတ်ပူလို့ပြောတာပါကွာ"
"ဟင့်...."
"ကိုယ်မနက်ဖြန်အလုပ်ကိစ္စနဲ့ မန္တလေးဆင်းရမယ် ချာတိတ်"
ဉီးရဲ့စကားကြောင့်မောင်ငိုနေရာကနေခေါင်းထောင်ကြည့်မိ၏ ဉီးကမောင့်ဆံပင်တွေကိုခတ်ဖွဖွကိုင်ပြီး သက်ပြင်းပြင်းတစ်ချက်ချကာ မောင့်ကိုကြည့်နေလေ၏ ဉီးရဲ့ မျက်ဝန်းတွေကိုမောင်ရင်မဆိုင်ရဲပါ မောင်ဉီးကိုချစ်နေတာသိရင် ဉီးမောင့်ကိုမုန်းသွားမှာသိပ်ကြောက်ပါသည် ဉီးကိုအခုလိုငေးကြည့်နေရရင်ပဲမောင်ကျေနပ်ပါသည်
"ချာတိတ်ကိုယ်ပြောတာကြားသလား"
"ဟုတ်ကဲ့"
"ချာတိတ်အိမ်ကို မနက်မှကိုယ်ဝင်ပို့ပေးခဲ့မယ် ကိုယ်ဟိုမှာအနည်းဆုံးနှစ်ပတ် အလွန်ဆုံးနှစ်လလောက်တော့ကြာမယ် "
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏