10

287 10 0
                                    


"ချာတိတ်ဆေးသောက်ရမယ် "

ဆေးဆိုတဲ့အသံကြားရုံနဲ့အမောင့်မျက်နှာဟာ ရှုံမဲ့လာ၏ သိုပေမယ့်ဒီကလေးကိုဆေးမတိုက်လို့မဖြစ် ညကတစ်ညလုံးအိမ်သာကိုအိပ်ရာမှတ်နေရသူမလား တကယ်ပါ မတည့်တာတွေစားပြီး ဝမ်းပျက်နေတာကိုသူ့မပြောဘဲကြိတ်ခံနေတယ်တဲ့လေ အိမ်သာကိုခေါက်
တုံ့ခေါက်ပြန်သွားနေရတဲ့ချာတိတ်ကိုကြည့်ပြီး မနေ့ကမာလကာသီးသုပ်ကြွေးမိတဲ့သူ့ကိုသူတာအပြစ်မြင်နေမိတော့၏

"အမောင် သက်သာနေပါပြီ"

"ချာတိတ်အပ်နဲ့ထွင်းရာမယ်ဒဏ်ရာကိုပုစိန်နဲ့ပေါက်ရအောင်မလုပ်ချင်စမ်းနဲ့"

"......"

တိုးခိုင်ထိုသို့ပြောလိုက်ပြန်တော့ လည်းမျက်နှာလေးကမိုးပြိုတော့မလိုအုံကျလာပြန်၏ စိတ်မရှည်တတ်တဲ့တိုးခိုင်က ဆေးကြောက်တဲ့ချာတိတ် ထုံးစံတိုင်လေသံမာမိပြန်၏

"ဟေး..ငိုတော့မလိုလား "

"ဦးက အမောင့်ကိုဆူတယ်..."

အမောင့်စကား​ကြောင့်တိုးခိုင် ပြုံးရပြန်၏ ဒီကလေးနေမကောင်ရင်အခုလိုချွဲတတ်လေသလားပေါ့။ အင်း...ချာတိတ်ကအခုလိုပုံစံကလေးနဲ့လည်းတစ်မျိုးလေးချစ်စရာကောင်းနေပြန်တာဘဲ

"အီးဟီး...."

"ဟာကိုယ်က အမောင့်ကိုဆူတာမဟုတ်ဘူးလေ ကိုယ်ကစိတ်ပူလို့ပြောတာပါကွာ"

"ဟင့်...."

"ကိုယ်မနက်ဖြန်အလုပ်ကိစ္စနဲ့ မန္တလေးဆင်းရမယ် ချာတိတ်"

ဦးရဲ့စကားကြောင့်မောင်ငိုနေရာကနေခေါင်းထောင်ကြည့်မိ၏ ဦးကမောင့်ဆံပင်တွေကိုခတ်ဖွဖွကိုင်ပြီး သက်ပြင်းပြင်းတစ်ချက်ချကာ မောင့်ကိုကြည့်နေလေ၏  ဦးရဲ့ မျက်ဝန်းတွေကိုမောင်ရင်မဆိုင်ရဲပါ မောင်ဦးကိုချစ်နေတာသိရင် ဦးမောင့်ကိုမုန်းသွားမှာသိပ်ကြောက်ပါသည် ဦးကိုအခုလိုငေးကြည့်နေရရင်ပဲမောင်​ကျေနပ်ပါသည်

"ချာတိတ်ကိုယ်ပြောတာကြားသလား"

"ဟုတ်ကဲ့"

"ချာတိတ်အိမ်ကို မနက်မှကိုယ်ဝင်ပို့ပေးခဲ့မယ် ကိုယ်ဟိုမှာအနည်းဆုံးနှစ်ပတ် အလွန်ဆုံးနှစ်လလောက်တော့ကြာမယ် "

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now