"ကလေးလေးကိုယ့်ဆီကိုပြန်လာခဲ့ပါ"
"ကိုယ့်ကလေးလေး ကိုယ်မှားပါတယ်ကိုယ်ထပ်ပြီးနာကျင်အောင်မလုပ်တော့ပါဘူး"
"ကိုယ့်ကိုမထားခဲ့ပါနဲ့နော် ကိုယ်ရူးလိမ့်မယ်"
"ဦးခိုင် အမောင်ရှိပါတယ်အမောင်ဒီမှာရှိပါတယ်"
အမောင်မောပန်းနွမ်းနယ်မူ့ကြားကထိုစကားကိုခနခနပြောနေပေမယ့် ဦးခိုင်ကအမောင့်စကားကိုမကြားသည့်အလား ငိုမြဲတိုင်းငိုနေဆဲ အမောင်ဘယ်ရောက်နေတာလဲဆိုတာအမောင်မသိတော့ ခြောက်ခြားဖွယ်ရာတောအုပ်ကြီးထဲမှာအမောင်တစ်ယောက်ထဲ ရှိနေပြီး ဦးခိုင်ရဲ့အသံကြားရာဘက်ကိုလိုက်ရှာနေပေမယ့် တော့အုပ်အလည်ကိုသာပြန်ရောက်
လာသည်မှာခနခနပင်အမောင်ကြောက်ပါသည် ဒီတော့အုပ်ကြီးထဲမှာအမောင်မနေချင်ပါ ဒီတော
အုပ်ထဲကထွက်လမ်းရှာနေပေမယ့်အချိန်တွေကုန်သွားတယ်အမောင်ရှာမတွေ့ ရေတွေလည်းစာပါသည် ရေသံကြားရာလိုက်ရှာပေမယ့်တော့အုပ်အလည်ကိုတာပြန်ရောက်လာစမြဲပင်"ဦးခိုင်အမောင်ကြောက်တယ် အမောင့်ကိုလာခေါ်ပါ အမောင်ကြောက်တယ်"
အမောင်နှုတ်ဖျားကနေထိုစကားလုံးကိုရေရွတ်နေသည်မှာစက္ကန့်နဲ့မခြာအမောင်ဟာ ထွက်လမ်းကိုအားမလျော့ဘဲဆက်ရှာနေဆဲ ထိုအခိုက်အမောင်အရှေ့မှာမြင်နေရသည်ကအိမ်အိုကလေးတစ်လုံး ဒီလိုတောအုပ်ထဲမှာ အိမ်အိုကလေးကဘယ်လိုရှိနေတာပါလိမ့် မီးခုံးငွေ့ကလေးတွေပါတွေ့ရသည်မို့ထိုအိမ်အိုမှာလူရှိတဲ့ဟန်ပင် ဒီတစ်ခါမှာတော့အမောင်အိမ်အိုကလေးဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောလာလေ၏ အရင်လိုတောအုပ်အလည်ကိုပြန်ရောက်တာမဟုတ်ဘဲ အိမ်ကိုကလေးအရှေ့ကိုရောက်ရှိနေသည်
"အိမ်ရှင်တို့....အိမ်ရှင်တို့"
"ကျွန်တော်အကူညီကလေးတောင်းချင်လို့ပါ အိမ်ရှင်တို့"
အမောင့်အသံကြားလို့ထင်ပါရဲ့အိမ်ထဲကနေအဖြူဝမ်းဆက်နဲ့အဖွားအိုတစ်ဦးကထွက်လာလေရဲ့
"နောက်ဆုံးတော့လူလေးရှာတွေခဲ့ပြီဘဲ။ အွန်း...တွယ်တာစရာသံယောဇဥ်တွေကျန်နေခဲ့သေးတာကို"
YOU ARE READING
Ficción Generalတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏