3

444 11 0
                                    

"ဒေါနပြောပြပါဆိုကွာနော်နော်"

ပုံစံကြည့်ရသလောက်ဆိုရင်နှစ်ကောင်သားထီးပိုင်ရှင်ကိုအတော်သိချင်နေပုံပင်

"ဘာလို့သိချင်နေကြတာလဲမင်းတို့က"

"သိချင်တာပေါ့ကွ"

"မင်းလိုထီးယူပြင်းတဲ့ဒေါနမောင်ဆိုတဲ့ကောင်က.... ဒီထီးတစ်လက်ကိုတစ်ပတ်လောက်သွားလေရာယူနေတာဆိုတော့...ငါတို့သိချင်တာပေါ့ဟ"

"မင်းတို့ထင်သလိုဒီထီးက..ကောင်
မလေးပေးတာလည်းမဟုတ်ဘူး
....နောက်ပြီးငါ့ထီးလည်းမဟုတ်ဘူး...နောက်တစ်ခုကကွာဒီပိုင်ရှင်
ကိုငါမမြင်ဖူးဘူ...."

"အဲ့တာကိုများပိုင်ရှင်ကိုပြန်ပေးဦးမယ်ပါ့လေ..."

"အေးလေသူများထီးလေငါ့ထီးမှမဟုတ်တာသူ့ပိုင်ရှင်ပြန်ပေးရမှာပေါ့ကွ......."

ထီးပိုင်ရှင်ဆိုခါမှ.....မောင်တစ်ယောက်ဒီထီးတစ်လက်နဲ့တိုင်ပတ်နေလေပြီ။ တကယ်ပါဒီနှစ်ကောင်ကသူတို့သိချင်တာရှိရင်မေးတတ်တယ်ဆိုပေမယ့် သူတို့လိုချင်တဲ့အဖြေရအောင်စကားလုံးအချို့နဲ့ဆွဲခေါ်ပြီးမေးတတ်သေးသည်။ ခက်ပါတယ်ဒေါနမောင်ရယ်...မင်းကတော့ထီးတစ်လက်နဲ့ ဒုတ္ခလှလှတွေ့လေပြီ.... ကိုယ်ကအမှန်တိုင်ဖြေနေပေမယ့်ဟို့နှစ်ကောင်ကမယုံတာခက်၏ အခုချိန်မှာသူ့တို့မေးလည်းကိုယ်ကထိုသူမျက်နာကိုမှမမြင်ဘူးပါဘဲ....ဘယ်သူဘယ်ဝါပါဆိုပြီးပြောပြရအောင်ကလည်းခက်သား ဟူးးးးးးဒီနေ့တော့ထိုနှစ်ကောင်ရစ်တာမောင်တစ်ယောက်မျက်စိနောက်အောင်ခံရပေတော့မည်။......ဘာရယ်ကြောင့်မသိတစ်ခြားသူတွေကိုအာရုံမစိုက်တတ်တဲ့မောင်က..ထိုသူ့ကိုတော့အတွေးထဲကထုပ်မရသည်မှာပြီးခဲ့သည့်တစ်ပတ်လုံးပင်... တစ်ခါတစ်လေများဆို မောင်မမြင်ဖူးလိုက်တဲ့ထိုသူ့မျက်နှာကိုပုံဖော်နေမိ၏။... ထိုသူရဲ့စကားသံချိုအေးအေးကိုဘဲပြန်ကြားယောင်မိသလိုလိုနဲ့ မောင့်အတွေးထဲကိုထိုသူစိုးမိုးနေသည်မှာတစ်ပတ်ရှိခဲ့ပြီ။

"ဒါန​မောင်...ဒေါနမောင်"

"ဘာလဲကွာ"

"ဘာလဲကွာလုပ်မနေနဲ့မင်းခုနကဘယ်သူ့အကြောင်းတွေးနေတာလဲပြော"

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now