28

217 7 8
                                    

အမောင့်ကိုဦးခိုင်ကခနတွေ့ရအောင်လို့ဆိုလာတာမို့ အမောင်ဦးချိန်းတဲ့နေရာကိုရောက်လာရချင်းပေ

အရင်ရက်တွေကလည်းညနေတိုင်းမောင့်ကိုကျောင်းပေါက်ဝမှာလာစောင့်နေပေမယ့် အမောင်မသိချင်ယောင်ဆောင်ပြီးတာပြန်လာခဲ့တာပင်

အမောင်ချစ်နေပါတယ်ဒါပေမယ့်ရင်ပြန်အချစ်ခံရဖို့မျှော်လင်ချက်မထားတော့တာမို့ မောင့်အတွက်စိတ်ပေါ့ပါးတယ်။ အရင်လိုမဟုတ်တော့ဘဲနာကျင်ခြင်းကလည်းကင်းတယ်။ အမောင်ကိုဦးခိုင်ထားခဲ့တဲ့နေရာမှာဘဲရပ်တန့်နေခဲ့တယ်။နောက်ဆုပ်ဖို့လည်းမတွေးခဲ့သလိုအရှေ့ကိုဆက်တိုးဖို့လည်းမရှိခဲ့ပါ။ဒီအတိုင်းလေး ဒီတိုင်းလေးဘဲချစ်နေတော့မယ်လို့ဆုံးဖြတ်ထာပြီးသားဖြစ်သည်။

ဦးခိုင်ချိန်းတဲ့ကော်ဖီဆိုင်ရှေ့ကိုရောက်တော့မမောင်ကားရပ်လိုက်ပြီးအရင်ဆုံးစိတ်ကိုငြိမ်အောင်ခုပ်ယူရ၏ ဘယ်လိုဘဲဆိုဆို ကိုချစ်ရသူရှေ့ရောက်ရင်နည်းဆုံးတော့စိတ်ထဲဂနာမငြိမ်ဖြစ်တတ်တယ်မလား

"ရောက်နေတာကြာပြီလားဦးခိုင် အ
မောင်နည်းနည်းနောက်ကျသွားတယ်"

"မကြာသေးပါဘူးကိုယ်လည်းခနလေးတင်ရောက်တာ"

"ဘာစားမလည်းတစ်ခုခုမှာလေအ
မောင်"

"ကျွန်တော့်ကိုBlackCoffeတစ်ခွက်ပဲပေးပါ"

"ဟုတ်ကဲ့ဗျ..."

"ဒီဘက်ကအကိုရောဘာမှာဦးမလဲဗျ"

"ကိုယ်မှာထားပြီးပြီကောင်လေး"

"ချာတိတ်BlackCoffe ကအမြဲတမ်းသောက်လို့မကောင်းဘူးနော် ကျမ်းမာရေးထိခိုက်မယ်"

တိုးခိုင်ပြောတဲ့စကားကိုဂရုမစိုက်သည့်အလားအရင်ကအခါးဆိုနည်းနည်စလေးမှမကြိုက်တဲ့အမောင်ကအခုတော့ကော်ဖီခါးခါးတစ်ခွက်ကိုအရသာခံသောက်နေလေရဲ့

"ကော်ဖီးခါးခါးကတချို့သောခါးသီတဲ့အရာတွေထက်အများချိုမြပါတယ်
ဦးခိုင်။ ဥပမာပေးရရင် ရင်ထဲမှာခံစားနေရတဲ့ခါးသက်ခြင်းကို ကော်ဖီခါးခါးနဲ့တန်ပြန်​ချေပလိုက်တာမျိုးပေါ့"

"အမောင်"

တိုးခိုင်ခေါ်လိုက်တော့ကော်ဖီခွက်ကိုခနချပြီးတိုးခိုင်ကိုစိမ်းသက်နေတဲ့ကြည့်တွေနဲ့ကြည့်လာခဲ့၏

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now