"ဒေါန...ဒီနေ့အစောကြီးရောက်နေတာလား"
"ဟုတ်တယ်ကိုဇေယျာ"
"ကိုဇေလို့ဘဲခေါ်ပါကွာ"
ကိုဇေယျာကမောင်အထက်တစ်နှစ်ကြီးတာမို့အရင်လို မင်းတွေငါတွေမသုံးတော့ဘဲကိုဇေယျာလို့သာပြောင်းခေါ်လိုက်တာ ကိုဇေယျာရဲ့ညီလေးကလွန်ခဲ့တဲ့တစ်နှစ်ကမှဆုံးသွားတာတဲ့လေ။ အန်တီမြနဲ့ဦးနိုင်ကလည်မောင့်ကိုသားအရင်ကလေးပမာချစ်ပေးကြပြီး။ တစ်ခါတစ်လေဆို
ကိုဇေယျာအတွက်အဝတ်စားဝယ်ဖို့ပိုက်ဆံပေးရင်မောင့်အတွက်ကတစ်ပုံအမြဲပါတယ်။ အခုနောက်ပိုင်းတောင်မောင်ပြောထားလိုတာ ငြိမ်နေကြတာပင်။ဒီတစ်လလုံးဦးခိုင်နဲ့လည်းမတွေဖြစ်ဘူး မတွေ့ဖြစ်ဆိုတာထက်မောင်ကတမင်မတွေ့အောင်ရှောင်နေခဲ့တာကို။ အခုဆိုကိုဇေယျာကိုဝေယံတို့ပါခင်လာကြပြီးတစ်ခါတစ်လေဆို ကိုဇေယျာကိုမုန့်ဖိုးကတောင်းတတ်ကြသေးတယ်။
"မာမီမြတို့ရောနေကောင်းရဲ့လား"
"မာမီဆိုမှပြောရဦးမယ် "
"မာမီမြကဘာဖြစ်လို့လဲ"
"ဒေါနလေးကအိမ်အလည်မလာတာတစ်ပတ်ရှိနေပြီတဲ့ သင်တန်းမှာတွေ့ရင်သူစိတ်ဆိုးနေကြောင်းပြောလိုက်ပါတဲ့စကားပါးလိုက်တယ် "
"ဟီး ကျွန်တော်ဒီရက်ထဲစာတွေများနေလို့ပါ ကိုဇေကလည်း"
"အော်ဒယ်ဒီကလည်းမှာလိုက်သေးတယ်"
ကိုဇေထပ်ပြောလာတဲ့စကားကြောင့်မောင်မျက်လုံးအဝိုင်းသားလေးနဲ့ကြည့်လိုက်မိ၏။ ဒယ်ဒီနိုင်ကဘာမှာလိုက်တာဘာလိမ့် ဒယ်ဒီနိုင်ရောပါမောင့်ကိုစိတ်ဆိုးနေတာများလား။
"ဘာတွေတွေးနေသလဲဒေါနငါပြောတာရောနားထောင်နေလား"
"ဘာ...ဘာမှမတွေးပါဘူးနာထောင်နေပါတယ်ကိုဇေကလည်း"
"ဒါဆိုပြန်ပြော"
"ဘာကိုပြန်ပြောရမှာလဲ"
"ဂွက်.."
"အား..လားလား......."
"ကိုဇေကလည်းဗျာအားကြီးနဲ့ခေါက်
တာနာတယ်ဗျ"ကိုဇေကလက်သံပြောင်တယ် ကိုဇေကိုဟိုနှစ်ကောင်ကြောက်တာလဲမပြောနဲ့လေ ဒီအတောအတွင်းဟိုနှစ်ကောင်စကားနားမထောင်လို့ခနခနခေါင်းခေါက်ခံနေရတာကို
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏