"ဒေါန...ဒီပါအခုလောက်ဆိုဘယ်လိုနေမလဲမသိဘူးနော်"
"အေး..ငါလည်းအ့တာစိတ်ပူနေတာ ကိုသုတကိုကြောက်လို့သာမခေါ်ခဲ့တာ"
"ငါ့အထင်ကိုသုတဆူနေလောက်ပြီထင်တယ်"
"ဝေယံမင်းတစ်ခါတည်းအိမ်ပြန်မှာလားငါ့အိမ်ဝင်ဦးမှာလား"
"အိမ်ဘဲတန်းပြန်တော့မယ်။အိမ်ကငါ့မားသားကြီးက ကျူရှင်စရာခေါ်ထားတယ်တဲ့"
"ဟားဟား... ငါနဲ့ဒီပါကိုလောင်ရယ်လာသမျှဒီနှစ်တော့မင်းခံရတော့မယ် ဝေယံ ဂုဏ်ယူပါတယ်..ဟဲဟဲ"
"သေနာကောင် ငါ့ကိုဂုဏ်ယူတယ်လုပ်မနေနဲ့ ငါ့ကျူရှင်ဆရာကမင်းလူကြီးလောက်တော့မတင်းကြပ်ဘူးဟေ့ရောင်"
"သူကဘဲပြောရတယ်ရှိသေးအေးပါစောင့်ကြည့်ဦးမယ် ဦးခိုင်ကလေ အချိန်တွေစာတွေမှာတင်းကြပ်ပေမယ့်ကျန်တဲ့အချိန်ဆိုအလိုလိုက်တယ်"
"လာကြွားမနေနဲ့ကြားပြင်းကပ်တယ်"
"သူလာပြောလို့လဲပြောပြရသေးတယ် နှမဘေးလေး"
"ငါ့နှမတော့မင်းကိုမပေးပေါင်..
သွားပြီ""အေး...အေး...ကြွကြွ"
"မေမေ မောင်ပြန်လာပြီး"
"ပြန်လာပြီလား သားမောင်"
"ဟုတ်ကဲ့မေမေ "
"သားဝေယံတို့ရော "
"ဒီပါ့ကိုက ကိုသုတလာကြိုသွားတယ် ဝေယံ့ကိုကသူ့အိမ်တစ်ခါတည်းဝင်ပို့ခဲ့တာ"
"ခေါ်လာလိုက်တာဘူး... သားမောင်ရယ်"
"သူကအိမ်တန်းပြန်မယ်ဆိုလို့ပါ မေမေရဲ့ "
"ဟုတ်ပါပြီရှင်"
"သားအပေါ်တက်တော့မယ်နော်မေမေ စာလုပ်စရာလေးကျန်သေးလို့ အာဘွားမေမေ့ကိုချစ်တယ်"
"အမလေး မကြီးမငယ်နဲ့ဒီအမေကိုချွြနေတုန်း အပေါ်တက်မယ်ဆိုလည်ူတက်တော့ ခုနနေ ဘုတ်ဆုံကိုသံပုရာရည်ပို့ခိုင်းလိုက်မယ် "
"ဟုတ်ကဲ့ဗျအ့တာကြောင့်မို့မေမေ့ကိုချစ်တာအာဘွား"
"ပူတယ်ဆိုပြီးရေမချိုးနဲ့ဦးနော်သားမောင် အခုမှအပြင်ကပြန်လာတာအပူရှပ်မယ်"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏