4

345 13 0
                                    

"အန်ကယ်သားအစားအန်ကယ်တောင်း
ပန်ပါတယ်ဆရာလေးရယ် သားလေးကိုစာဆက်ပြပေးလို့မရဘူးလား"

"မလုပ်ပါနဲ့အန်ကယ်ရယ်... ကျွန်တော်စာသင်လာတဲ့သက်တမ်းတစ်လျှောက်
ဒီလောက်ဆိုးတဲ့ကလေးမျိုးမတွေ့ဖူးသေးဘူး။.. ကျွန်တော်အန်ကယ့်သားကိုစာဆက်မတင်နိုင်တော့ဘူး။... ပြန်ပါတော့မယ်ဗျာ နောက်ပြီးဒါအန်ကယ်မနေ့ကပေးထားတဲ့စရံငွေပါ။"

မနေ့ကမှအသစ်ခေါ်လာတဲ့ဂိုက်ဆရာ
လေးကဦးထွန်းမြတ်ရဲ့လက်ထဲကိုစရံငွေပေးထားတဲ့ငွေငါးသောင်းကိုပြန်ပေးကာထွက်သွားလေရဲ့သားလေးတစ်ယောက်မို့အလိုလိုက်မိတာထွန်းမြတ်သိပ်မှားလေပြီ။  ဒီပုံစံတိုင်းဆိုဒီကလေးကိုဆက်အ
လိုလိုက်လို့မဖြစ်တော့ပေ ထွန်းမြတ်မိတ်ဆွေရဲ့သားကိုသာစာသင်းပေးဖို့အကူညီတောင်းကြည့်ရတော့မှာဘဲ။

"ခင်ရီမင်းသားဘယ်မလဲ "

"အိုး....သားကအကိုခေါ်ပေးထားတဲ့ဂိုက်ဆရာနဲ့စာလုပ်နေတာနေမပေါ့"

"အဲ့ကိစ္စပြောရဦးမယ်... မင်းသားရဲ့အချိုးတွေပြင်ခိုင်းထား။...ဒီတစ်ပတ်ထဲမှာတင်အိမ်ခေါ်သင်တဲ့ ဂိုက်ဆရာပြောင်းတာလေးယောက်ရှိနေပြီ။ နောက်တစ်ခါဆိုငါ့အဆိုးမဆိုနဲ့"

"အိုး...သားကမသင်ချင်ပါဘူးပြောနေတာကို အကိုကအတင်းအကြပ်လုပ်လို့အခုလိုဖြစ်ရတာမဟုတ်ဘူးလား"

"တော်စမ်း!!ဘာဆင်ခြေမှမကြားချင်ဘူးမင်းသားကိုတော်တော်အလိုလိုက်ကြာလာရင်သားသမီးမကောင်းမိဘခေါင်းပေါ်ရောက်မယ်ဆိုတာမင်းမြဲမြဲမှတ်ထား အခုလည်းမင်းသာဘက်ကကာကာပြောနေလို့အခုလိုဆိုးသွမ်းနေတာသိပ်ခက်တယ်ခင်"

ဒေါ်ခင်ရီတစ်ယောက်ဦးထွန်းမြတ်မောင်ပြောတဲ့စကားတွေကမှန်နေလေတော့ဘာမှပြန်မပြောနိုင်ဖြစ်ကာမီးဖိုခန်းထဲကိုသာပြန်ဝင်ခဲ့ရ၏ သားမောင်ငယ်ငယ်က
တည်းက အမနှစ်ယောက်ကြားမှာယောက်ကျားလေးတစ်ယောက်ပါသည်မို့....အိမ်မှာအချစ်ခံအလိုလိုက်ခံကြီးပြင်းလာသူပီပီအနည်းငယ်တော့ဆိုးသွမ်းလေသည်။ အခုကိစ္စမှာလည်းသားမောင်ကမသင်ချင်တာကို အတင်းအကြပ်သင်ခိုင်းလို့ဖြစ်ရတာမဟုတ်လား...အခုမှဘယ်သူ့အပြစ်လာဖို့နေသလဲ.... အကိုနဲ့တော့သိပ်ခက်တယ်ကိုထွန်းမြတ်မောင်.... ထိုစကားတွေကိုတော့ခင်ရီ အကို့ကိုပြန်မပြောလိုက်မိ။ တကယ်လို့ပြန်ပြောခဲ့ရင်လဲသိပ်ခေါင်းမှာတဲ့သူကလက်ခံမည်မဟုတ်...  ပြောသာပြောနေရတာသားမောင်ရဲ့အကျင့်စရိုက်ကသူနဲ့သိပ်တူလေသည်ခေါင်းမာတာကတစ်ပုံစံထဲ ဒေါခင်ရီလည်းအတွေးကိုထိုနေရာမှာသာရပ်တန့်လိုက်ပြီး လုပ်စရာရှိတာတွေကိုသာဆက်လုပ်နေလိုက်၏

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now