"ဒီပါ မင်းတစ်ယောက်ထဲပြန်လို့ဖြစ်ရဲ့လား ငါလိုက်ပို့မယ်လေ"
"ရတယ်ဝေယံငါတစ်ယောက်ထဲပြန်လိုက်မယ်"
ဒီနေ့ဒီပါနဲ့ဝေရန်က္ကုတ်ကိုင်းကူးကန်ကိုရောက်နေခြင်းပေ ဒေါနကိုခေါ်ဖို့လုပ်ပေမယ့် ငနာလေးကဦးလေးရဲ့အလုပ်ထဲလိုက်နေတာတစ်ပတ်ပင်ရှိနေပြီ ။
ခေါ်ရင်လည်းသူ့ရဲ့ဦးခိုင်အနားမှာတာတောက်တဲ့လိုကပ်နေသူမို့ လိုက်ခဲ့မှာမဟုတ်တော့ခေါ်မနေတော့
ရေကူးပြီးတော့နှစ်ယောက်သားအတူပြန်ဖို့လုပ်ပေမယ့် ဝေယံကိုကသူ့အသိအကိုလာကြိုသည်မို့ ဒီပါကတစ်ယောက်ထဲပြန်ဖို့ပြင်ရ၏
"ဒီပါ အိမ်ရောက်ရင်ဖုန်းဆက်နော်"
"အေးအေး...သွားတော့မယ်ဝေယံ"
ယ
"ဟူး....ဒီနေ့မှတက္ကဆီတွေကလည်းငှါးရခက်လိုက်တာ""ဒီတစ်စီးမှငှါးမရရင်လမ်းလျှောက်ပြန်မယ်"
ဒီပါ့စကားဆုံးတာနဲ့အရှေ့တည့်တည့်မှာရပ်လာတဲ့အဖြူရောင်ကားလေး ပိုင်ရှင်ကဘယ်သူလဲဆိုတာသိနေပြီးသားမို့ ဒီပါ မတုန်မလုပ်သာရပ်နေလိုက်၏
ဘယ်လိုဘဲဖြစ်ဖြစ်ဒီပါအကိုရဲ့ကားနဲ့တော့ပြန်မလိုက်ချင်ပါ လွန်ခဲ့တဲ့နှစ်ပတ်ကဘုရားမှာပြဿနာဖြစ်ပြီးတည်းကရှောင်နေခဲ့တာဒီနေ့အထိပင်
"ဒီပါ ပြန်မှာမလားကိုယ့်ကားနဲ့ပြန်လိုက်ခဲ့"
"ရပါတယ်...ကျွန်တော်တက္က်စီးဘဲငှါးလိုက်တော့မယ် ကိုသုတ"
ဒီပါခေါ်လာတဲ့နာမ်စားကြောင့်သုတရဲ့မျက်ခုံးတန်တွေဟာတွန်ကွေးသွားရပြီးစိတ်ထဲမှာလည်းအမျိုးအမည်မသိခံစားချက်ကဖြစ်ပေါ်လာခဲ့၏
"ဒီအချိန်တက္ကဆီတွေကငှါးရခက်တယ် ဒီပါ"
"ရပါတယ် ကိုသုတကျွန်တော်အဆင်ပြေတာနဲ့ပြန်လိုက်ပါမယ်"
"ကျစ်..."
သုတလမ်းဘေးကိုကားချရပ်ပြီးဒီပါရှိရာကိုအမြန်သွားကာဆွဲခေါ်လာခဲ့လိုက်တော့၏ ဒါတောင်ရုံးနေသေးတာ လူကလက်တစ်စုပ်စာနဲ့မို့ ကိုယ့်ကိုအားမမျှလို့သာခေါ်တဲ့အတိုင်းပါလာတာပင်။
တကယ့်အကြောတင်းလေး
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏