11

240 7 0
                                    

"ဒေါနမပြီးသေးဘူးလား နေပူချိန်မြင့်လာရင်ဘုရားစောင်းတန်းက ခြေတောင်မချနိုင်ဘူးဟ"

"လာပါပြီကွာမင်းတို့ကလည်းလောလိုက်တာ"

"အံ့အောဘ သူကဘဲလောတယ်ပြောရတယ်ပြောရသေး အချိန်ကောကြည့်ဦး နောက်ကျနေပြီ မင်းအဘနေကငါတို့မလာသေးဘူးဆိုပြီး နေပူအမြင့်ပဲ့မနေဘူးဟ"

"အေးပါကွာပြီးပါပြီ"

"သားငယ်တို့သွားကြတော့မလို့လား"

"ဟုတ်ကဲ့မေမေ"

မေမေကပုံမှန်မောင်တစ်ယောက်ထဲရှိတဲ့အချိန်ဆိုသားမောင်ဆိုပြီးခေါ်တတ်ပေမယ့် အခုလိုဝေယံတို့နှစ်ယောက်ပါရှိနေချိန်ဆိုရင်တော့သားငယ်တို့ဆိုတဲ့နာမ်စားကလေးကိုသားသုံးနှုန်းတတ်၏ ထိုနာမ်စားကလေးက ဝေယံတို့ကိုပါသူ့သားတစ်ယောက်လိုသဘောထားကြောင်းပြောပြနေစရာမလိုအောင်နွေးထွေးလွန်း၏

"ဟုတ်မေမေ "

"ဟုတ်..တီခင်သားတို့နေမပူခင်အရောက်သွားမလို့"

"ကိုအေးရေ ကလေးတွေသွားတော့မယ်တဲ့"

ကိုအေးဆိုသည်မှာမေမေကားဆရာဖြစ်သလိုလူယုံတော်ဆိုလည်းမမှား ဘအေးကနာမည်နဲ့လိုက်အောင်..အလွန်ကို အေးလွန်းသည် တစ်နေ့လုံးနေမှစကားဆယ်ခွန်းပြည့်အောင်မပြောတဲ့သူပင်

"သားငယ်တို့..ရော့တာက မေမေကို့ဘုရားမှာရွှေဆိုင်းလေးကပ်ပေးခဲ့ကြဦး"

"ဟုတ်ကဲ့မေမေ "

"သားတို့သွားတော့မယ်နော်တီခင်"

"ဟုတ်ကဲ့ပါရှင် ကလေးတွေကဂရုစိုက်သွားနော်"

ကလေးတွေရဲ့ကားကလေးခြံဝင်းထဲကထွက်မှ ခင်တစ်ယောက်လည်းလုပ်လက်စတွေကိုပြန်လာလုပ်ရ၏ ဝေယံကလေးရဲ့မိဘတွေကရန်ကုန်သူရန်ကုန်သားတွေမို့မိသားစုအတူရှိနိုင်ကြပေမယ့်ဒီပါကလေးကတော့တောင်ကြီးသားမို့မိဘတွေနဲ့အတူမရှိနိုင်ဒါကြောင့်ကလေးတွေကိုခင့်မတ္တာတွေအကုန်ပေးထား၏
ခင်အဲ့လိုမတ္တာထားသလားဆိုပေမယ့် ဝေယံမိဘ ဒီပါ့မိဘကအစ ထိုသို့သာနွေးထွေးမှု့ပေးကြ၏ ဒီပါလေးရဲ့မိခင်မနန်းမွန်ဆိုရင်လည်းခြံထွက်အသီးနံမှန်သမျှ တောင်ကြီးကနေပို့ပေးနေ၏ ဝေယံမိခင်
မယမုံဆိုရင်လည်းသူ့ကုမ္ပဏီကအလှ
ကုန်ပစ္စည်းအသစ်ထွက်တာနဲ့ ဦးဦးဖျားဖျားလက်ဆောင်ပေးပြီသားဘဲ လူတစ်ဦးကရယူချင်းမရှိတဲ့မတ္တာတွေပေးတော့နောက်လူတွေကပါမတ္တာတွေကို​ပြန်ပေးကြ၏ သူတို့အိမ်ရှင်မသုံးဦးတာယခုလိုစည်းလုံးသလားလို့မဆိုနဲ့ အိမ်ကြီးရှင်သုံးဦးစလုံးကပါအတွဲညီစွာလုပ်ငန်းမှန်သမျှတိုင်ပင်ကာလုပ်ကိုင်ကြတာမို့တစ်ဦးကမတ္တာပေးတော့တစ်ဦးကစေတနာပြန်ပေးတာမျိုးပင်

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now