17 zawg

93 2 0
                                    

"ကျွိ ...ကျွိ"

"ဖေ့သားလေးချို မင်းပြောကြည့်တကယ်လို့ သားလေးဒယ်ဒီရလာရင် ဖေ့ထက်အဲ့ဒယ်ဒီကိုပိုချစ်မှာလား"

"သားဒယ်ဒီကဖေ့ကိုမချစ်ဘူး ပြီးတော့ဆူတယ်"

" ဖေကသာအဲ့လူကြီးကိုချစ်နေရတာ။
ဒါပေမယ့်လေဖေအဲ့လူကြီးကိုသိပ်ချစ်တယ် "

မောင်ကတွေပြောနေပေမယ့် သာချိုကတော့သူ့လောင်အိမ်ကလေးထဲမှာနှစ်နှစ်ချိုက်ချိုက်အိပ်နေလေရဲ့

"ဒေါက်....ဒေါက်"

"အမောင်ငယ် အိပ်ရာမထသေးဘူးလား"

"ထနေပါပြီ...မမကြီးရဲ့"

"ထနေပါပြီ လုပ်မနေနဲ့ အမောင်ငယ် အောက်ထပ်မှာ မောင်ငယ့်ဆရာရောက်နေပြီ တံခါးဖွင့်ဉီး"

"ဟင်......"

မမကြီးပြောတဲ့ဆရာရောက်နေပြီဆိုတဲ့စကားကြောင့်မောင့်ဆံပင်မွေးတွေပင်ထောင်ထွက်သွားရ၏ မနေ့ညကဉီးခိုင်အလုပ်ကိုလိုက်ခဲ့ဖို့ဖုန်းဆက်ပြောထားတာအမောင်မေ့နေခဲ့တာ။ နောက်ပြီးအခုလေးတင် ဒီလူကြီးအကြောင်း အမောင် သားချိုကို အတင်းတုပ်နေသေးသည်
မလား။

"အော်...ဒီကလေးနယ် မတ်တတ်ရပ်ပြီးအိပ်​ပျော်နေတာလားအမောင်ငယ်"

"သွားရေချိုးတော့..အိပ်ရာကမမကြီးသိမ်းထားပေးမယ်"

"ဟုတ်ကဲ့"

"မြန်မြန်ချိုးခဲ့နော်အမောင် လူကြီးကိုအကြာကြီးစောင့်နေရအောင်မလုပ်နဲ့"

"ဟုတ်မမကြီး"

မမကြီးစကားကြောင့်အမောင်ရေအမြန်ချိုးဖို့ပြင်ရပြန်၏ ။မမကြီးပြောသလိုမောင်လူကြီးကိုထိုင်စောင့်ခိုင်းထားလို့မဖြစ်ဘူးမလား

မောင်ရေချိုးခန်းထဲကထွက်လာတော့မမကြီးကမောင့်အတွက်အဝတ်တွေပါထုပ်ပေးထားခဲ့သည်မို့ မမကြီးထုပ်ပေးထားတဲ့အဝတ်တွေကိုသာအမြန်ဝတ်လိုက်ပြီး လွယ်အိပ်ယူခါအောက်ထပ်ကို ပြေးဆင်းလာတော့ ဉီးခိုင်ကအမောင့်ကိုမျက်မှောင်ကျုတ်ကြည့်လာခဲ့တာမို့ မောင်ကိုယ်ချိန်သပ်ပြီးဖြေးဖြေးတာဆင်းလာခဲ့ရသည်။
ဖြေးဖြေးမဆင်းလို့လဲမရဘူးလေ ဉီးခိုင်ကဆူချင်မိရင် မမကြီးတို့ရှေ့မှာလည်းဆူတာကို

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now