မောင်တို့အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့အမျိုးသမီးတစ်ဦးကိုတွေ့ ရ၏ ထိုအမျိုးသမီကလွန်ကိုလှပကျော့ရှင်းပြီးမြင်ရသူအတိုင်းအဖို့မှာမျက်စိအေးစေသည် အဝါရောင်စံမြန်းဝမ်းဆက်နဲ့ ခါးထက်ရှည်သောအနက်ရောင်ဆံနွယ်တွေကိုဖြန့်ချထားတဲ့အမျိုးသမီးက ဦးခိုင်ကို မြင်တော့လိုက်လဲစွာပြုံးပြလာသည် ထိုအမျိုးသမီးရဲ့အပြုံးဟာ လူတိုင်းရင်ကိုအေးမြတာမို့အမောင်ပင်ခနတာမျက်စိမလွဲနိုင်ဖြစ်သွားမိသည်မှာအသေချာပင်။
"လွှာ..."
ထိုအမျိုးသမီးကိုဦးခိုင်အသုံပြုလိုက်တဲ့နာမ်စားကအလွန်ကိုနုညံ့လှသည် မဟုတ်ဘူးဦးခိုင်ခေါ်လိုက်တဲ့အသံကိုကမြတ်နိုးမှု့တွေနဲ့နုညံ့မူတွေပြည့်နက်နေခဲ့တာ လွာတဲ့လေ။
"အံ့ဩသွားသလား ကိုလင်း"
"လွှာကတော့နောက်ပြီ"
"ကိုလင်းဟာလေနည်းနည်းလေးမှအလိုက်မသိဘူး"
"ဟောဗျာ....လွှာကတော့ဖြစ်ရမယ် ကဲ့ကိုယ်အံ့ဩမိသွားတာတော့အမှန်ပါလွှာ"
"ဒါနဲ့ဒီကလေးက"
လွှာဆိုတဲ့အမျိုးသမီးကမောင့်ကိုကလေးဟုသုံးနှုန်းလာသည်မို့အမောင်နှုတ်ခန်းဆူမိသွား၏
"ကိုယ့်တပည့်လေးပါ...ဒီနှစ်ကဆယ်တန်းမို့ကိုယ့်အိမ်မှာလာနေတာ"
"အော်...ကိုလင်းခနခနပြောနေတဲ့သူလေးလား"
"အင်းဟုတ်တယ်လွှာ"
"လွှာ့ကိုမိတ်ဆက်ပေးဦးလေ"
"ဟုတ်သား...မိတ်ဆက်ပေးဖို့မေ့သွားတယ်"
"အမောင် ဒီအမနာမည်ကတိမ်ဝင့်လွှာတဲ့ကိုယ့်ငယ်သူငယ်ချင်း ကိုယ်တို့အိမ်ရဲ့ဒေါက်တာတစ်ယောက်ပေါ့"
"ဟုတ်ကဲ့...ဦးခိုင်"
"ကျွန်တော့်နာမည် ဒေါနမောင်ပါဗျ"
"ချစ်စရာလေးဟယ်"
"ကိုလင်းတို့များရန်ကုန်ပြန်ရောက်တာလွှာ့ကိုအသိမပေးဘူး"
"ဟော..လွှာရယ် ကိုယ်ကအသိမပေးတာမဟုတ်ပါဘူးဒေါ်ဒေါ်တို့ကိုစကားပါးလိုက်ပါတယ်"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏