5နှစ်ခန့်ကြာသော်......
အချိန်တွေကုန်လွန်တာမြန်လိုက်တာ ဒီငါးနှစ်အတွင်းမှာတချို့သောအရာတွေကအတော်လေးပြောင်းလဲသွားခဲ့ပြီ။ အခုချိန်ထိမပြောင်းလဲနိုင်တာကထိုသူ့အပေါ်မှာထားထဲ့သူ့ရဲ့စိတ်တွေတာ ဘယ်တော့မှပြောင်းလဲဘဲချစ်မြဲချစ်ဆဲ ရင်ခုန်သံတွေဟာလည်းထိုသူတစ်ယောက်ထဲအတွက်တာဖြစ်တည်မြဲပင်
နာရီကိုကြည့်မိတော့ဆယ်နာရီပင်ထိုးတော့မည်မို့ အိပ်ဖို့ရာပြင်ရတော့၏ မျက်မှန်ဝိုင်းကလေးကိုချွတ်ပြီးဘူးနဲ့သေချာထည့်ကာဘာမှတွေးမနေတော့ဘဲအိပ်စက်လိုက်တော့သည်။
အိပ်မက်ထဲမှာထိုသူက သူ့ကိုငြင်သာစွာပြုံပြနေလေရဲ့ တချို့သောညတွေမှာအိပ်စက်ပြီးပြန်မနိုးထချင်လောက်အောင်ထိုသူကစိုးမိုးလွန်းသည်။
အရင်ကလိုမဟုတ်တော့ဘဲအနေအေးသွားတဲ့သူက ထိုသူနဲ့ပတ်သက်ရင်တော့အရင်လိုမပြောင်းလဲဘဲရှိနေဆဲပင် သတိရပါသည်လွမ်းပါသည် ငယ်သေးလို့စိတ်ကစားတာပါလို့ပြောခဲ့တဲ့ထိုသူ့ကိုတွေ့ရင်ပြောပြချင်ပါသေးသည် ဒေါနမောင်ဆိုတဲ့ကောင်ကလေးရဲ့ဆယ်ကျော်သက်ရင်ခုန်သံဟာ တိုးခိုင်လင်းဆိုတဲ့သူကြောင့်သာအစပြုခဲ့ပြီး ထာဝရတွက်ဖြစ်တည်လာခဲ့တယ်ဆိုတာကိုပြောပြချင်မိပါသည်။
ဆယ်တန်းမှာ6ဘာသာဂုဏ်ထူးနဲ့အောင်ခဲ့တဲ့သူက ဆေးကျောင်းမတက်ဘဲ ရန်ကုန်တက္ကသိုလ်ကြီးမှာ မြန်စာမေဂျာကို
ယူခဲ့ပြီး တစ်ယောက်သောသူသိပ်မြတ်နိုးတဲ့အလုပ်ကိုသာသူလွဲယူခဲ့၏.........
မောင်အိပ်ရာနိုးတော့အောက်ထပ်မှာစကားပြောသံတွေကြားနေရ၏ ကြည့်ရတာကိုဇေရောက်နေပြီတင်တယ် အိပ်ရာထတာနဲရေချိုးပြီးလိုအပ်မယ့်ပစ္စည်းကလေးတွေယူခါအောက်ကိုဆင်းပြင်ရ၏
"အစောကြီးရှိသေးတယ်နိုးနေပြီလားသားမောင်"
"ဟုတ်မေမေ ဒီနေ့ဝေယံတို့နဲ့တွေဖို့ချိန်းထားလို့"
မောင်စကားသာပြောနေတာမျက်လုံးတွေကဟိုရောက်ဒီရောက်နဲ့တစ်ခုခုကိုရှာနေမိတယ်
"ဘာရှာနေတာလဲသားမောင် "
"ခုနမေမေတို့စကားပြောသံကြားလို့ ကိုဇေရောက်နေတာလားလို့"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏