"ဒေါနပြောပြပါဆိုကွာနော်နော်"
ပုံစံကြည့်ရသလောက်ဆိုရင်နှစ်ကောင်သားထီးပိုင်ရှင်ကိုအတော်သိချင်နေပုံပင်
"ဘာလို့သိချင်နေကြတာလဲမင်းတို့က"
"သိချင်တာပေါ့ကွ"
"မင်းလိုထီးယူပြင်းတဲ့ဒေါနမောင်ဆိုတဲ့ကောင်က.... ဒီထီးတစ်လက်ကိုတစ်ပတ်လောက်သွားလေရာယူနေတာဆိုတော့...ငါတို့သိချင်တာပေါ့ဟ"
"မင်းတို့ထင်သလိုဒီထီးက..ကောင်
မလေးပေးတာလည်းမဟုတ်ဘူး
....နောက်ပြီးငါ့ထီးလည်းမဟုတ်ဘူး...နောက်တစ်ခုကကွာဒီပိုင်ရှင်
ကိုငါမမြင်ဖူးဘူ....""အဲ့တာကိုများပိုင်ရှင်ကိုပြန်ပေးဉီးမယ်ပါ့လေ..."
"အေးလေသူများထီးလေငါ့ထီးမှမဟုတ်တာသူ့ပိုင်ရှင်ပြန်ပေးရမှာပေါ့ကွ......."
ထီးပိုင်ရှင်ဆိုခါမှ.....မောင်တစ်ယောက်ဒီထီးတစ်လက်နဲ့တိုင်ပတ်နေလေပြီ။ တကယ်ပါဒီနှစ်ကောင်ကသူတို့သိချင်တာရှိရင်မေးတတ်တယ်ဆိုပေမယ့် သူတို့လိုချင်တဲ့အဖြေရအောင်စကားလုံးအချို့နဲ့ဆွဲခေါ်ပြီးမေးတတ်သေးသည်။ ခက်ပါတယ်ဒေါနမောင်ရယ်...မင်းကတော့ထီးတစ်လက်နဲ့ ဒုတ္ခလှလှတွေ့လေပြီ.... ကိုယ်ကအမှန်တိုင်ဖြေနေပေမယ့်ဟို့နှစ်ကောင်ကမယုံတာခက်၏ အခုချိန်မှာသူ့တို့မေးလည်းကိုယ်ကထိုသူမျက်နာကိုမှမမြင်ဘူးပါဘဲ....ဘယ်သူဘယ်ဝါပါဆိုပြီးပြောပြရအောင်ကလည်းခက်သား ဟူးးးးးးဒီနေ့တော့ထိုနှစ်ကောင်ရစ်တာမောင်တစ်ယောက်မျက်စိနောက်အောင်ခံရပေတော့မည်။......ဘာရယ်ကြောင့်မသိတစ်ခြားသူတွေကိုအာရုံမစိုက်တတ်တဲ့မောင်က..ထိုသူ့ကိုတော့အတွေးထဲကထုပ်မရသည်မှာပြီးခဲ့သည့်တစ်ပတ်လုံးပင်... တစ်ခါတစ်လေများဆို မောင်မမြင်ဖူးလိုက်တဲ့ထိုသူ့မျက်နှာကိုပုံဖော်နေမိ၏။... ထိုသူရဲ့စကားသံချိုအေးအေးကိုဘဲပြန်ကြားယောင်မိသလိုလိုနဲ့ မောင့်အတွေးထဲကိုထိုသူစိုးမိုးနေသည်မှာတစ်ပတ်ရှိခဲ့ပြီ။
"ဒါနမောင်...ဒေါနမောင်"
"ဘာလဲကွာ"
"ဘာလဲကွာလုပ်မနေနဲ့မင်းခုနကဘယ်သူ့အကြောင်းတွေးနေတာလဲပြော"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏