အမောင်ယခုချိန်ထိစိတ်နဲ့လူမကတ်
နိုင်သေး မမလွှာပြောခဲ့တဲ့စကားလုံးတွေကိုသာနားတထဲတဝဲလည်လည်ပြန်ကြားယောင်နေမိ၏"အမလေး..အမောင်ငယ်ရေတွေလျှံနေပြီလေကွယ်"
မမငယ်ရဲ့အသံကြောင့်အမောင်စိတ်ကလက်ရှိအချိန်ပြန်ရောက်လာရ၏
အယ်...ဟုတ်သားအမောင်ရေသောက်
မို့ရေလာထည့်တာဘယ်လောက်အထိအတွေးလွန်းသွားသည်မသိ ရေကပြည့်လျှံနေတော့၏မမငယ်ကတော့အမောင့်ကိုထူးဆန်းသလိုကြည့်နေလေရဲ့
"အမောင်ငယ်ရီးစားနေပြီလား"
ဘာအတွေးပေါ်မှန်းမသိကောက်ခါငင်ခါမေးလာတဲ့စကားကြောင့် အမောင်ပင်ကျောချမ်းသွားရသည်
"ဟာ..မမငယ်ကလည်းဘယ်ကရီးစားရ
ရမှာလဲဗျ ""မလျှိုနဲ့နော်အမောင် မမငယ်ကိုအမှန်တိုင်းပြော အခုလိုစိတ်လွတ်ရလောက်တဲ့အထိတောင်ဖြစ်နေတာကိုလာလျှိုနေသေးတယ်"
"မဟုတ်ပါဘူးဆိုဗျာမမငယ်ကလည်းဒီအတိုင်း အတန်းကကလေးတွေကိစ္စတွေးနေတာပါဗျာ"
"ပြီးရော..ပြီးရော "
"ဟယ်..အငယ်မ အမောင်ငယ် မကြီးမငယ်နဲ့ရေတွေဆော့နေကြပြန်ပြီ မီးဖို
ခန်းတွေလည်းရေစိုနေပြီ""ဟာ...မမကလည်းခတ္တာကဘာလို့ရေဆော့ရမှာလဲ လူကိုအိုးစွတ်ခွက်စွတ်နဲ့"
မမငယ်ကတော့မအကြီးရဲစကားကိုစူပုတ်နေတဲ့မျက်နှာနဒ့အသေအလဲငြင်းနေတော့ တရားခံဖြစ်တဲ့မောင်ကအနောက်ကနေတိတ်တိတ်ကလေးခိုးထွက်လာတာကိုပင်မသိကြပေ
"ခတ္တာမဟုတ်ပါဘူးဆို တရားခံကသူ အမောင်ငယ်..အယ်..ဘယ်ရောက်သွားတာလဲခုနလေးကမရှိနေသေးတယ်"
မြတ်ခတ္တာတစ်ယောက်အမောင်ငယ့်ကိုလက်ညိုးထိုးပြခါမှအမောင်ငယ်ကအနောက်မှာမရှိတော့ ဒီတစ်ခါလည်းခံလိုက်ရပြန်ပြီ။
အမောင်ကတော့လှေကားအကွယ်က
နေကြည့်ပြီးတစ်ခစ်ခစ်နဲ့ရီနေတော့၏
အပြင်မှာဘဲလောက်ထိစိတ်ညစ်စရာကြုံခဲ့ရပါစေ အိမ်ပြန်ရောက်လာရင်ထိုအရာတွေကခနအတွင်းပျောက်ကွယ်သွားရစမြဲပင်
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏