ဘယ်အငြိုးနဲ့မျာဒီလောက်ထိရွာသွန်း
နေရတာလဲဗျာ။ ဘာလို့မောင်ကဘဲအခုလိုနာကျင်နေရတာလဲ။နာကျင်လွန်းလို့ရူးမတတ်ဘဲ။မောင်စောင့်နေခဲ့ပါတယ်မိုးရေထဲမှာအချိန်အကြာကြီး။ မောင်
ဆီကိုလာခဲ့ပါစေလို့ဆုတွေလည်း
တောင်းနေခဲ့တယ်။ ဒါပေမယ့်မိုးနတ်
မင်းကမောင်ဆုတောင်းသံတွေကိုလစ်လျူရှု့ထားခဲ့တယ်။မောင်ချမ်းလို့ခိုက်ခိုက်တုန်နေပါပြီ။ တစ်ကိုယ်လုံးလည်းကြွက်စုပ်ရေမွန်းသလိုဖြစ်နေပြီ။သို့ပေမယ့်အငြိုးတွေနဲ့ရွာနေတဲ့မိုးရေတွေထဲမှာမောင်ထိုင်နေဆဲပဲ
မောင့်မျက်ရည်ကအခုချိန်မှာကုန်ခန်းသွားပြီထင်ပါရဲ့ ပါးပြင်ပေါ်ကိုစီးဆင်မလာတော့ပါ မောင်ဟားတိုက်ပြီးသာရယ်
လိုက်တော့၏"ဟား.....ဟား...."
မောင့်ရယ်သံကိုကြားသွားလို့ထင်ပါရဲ့ယမိုးရေစက်တွေကမောင့်ကိုရှောင်ကွင်းသွားကြတာမို့ မောင်မော့ကြည့်မိတော့မောင့်ကိုယ်ပေါ်ကိုအုပ်မိုးထားတဲ့ထီးတစ်လက် သို့ပေမယ်ထိုသူကမောင့်စောင့်မျှော်နေတဲ့သူမခဲ့ပေ။
"ဒေါန.."
"ကိုဇေယျာ..."
"မပြန်သေးဘူးလားမိုးတွေဒီလောက်သဲနေတာကို။ မင်းတစ်ကိုယ်လုံးလည်းကြွက်စုပ်ဖြစ်နေပြီ။ဒေါန"
"ကိုဇေယျာကဘယ်လိုလုပ်ပြီး"
"ငါမင်းကိုစိတ်ပူလို့စောင့်နေတာ"
ကိုဇေယျာပါမောင်နဲ့အတူမိုးရေတွေထဲစောင့်နေခဲ့တယ်ထင်ပါရဲ့ တစ်ကိုယ်လုံးလည်းမိုးရေတွေရွဲလို့ အခုတောင်ထီးကိုမောင့်ဆီမှာဘဲမိုးပေးထားတာမလား
"ပြန်ရအောင်...ဒေါန"
"ကိုဇေယျာ.."
"ကျွန်တော်နာကျင်ရတယ်ဟောဒီရင်ဘတ်ကြီးကအရမ်းနားကျင်ရလို့ကျွန်တော်.."
မောင်စကားမဆုံးခင်မှာကိုဇေယျာကမောင့်ကိုယ်ပေါ်ကိုသူ့ကုတ်အင်္ကျီကိုလွမ်းခြုံပေးလာခဲ့၏
"ငိုလိုက်ပါဒေါနငါ့ရှေ့မှာမင်းငိုလို့
ရပါတယ်""ကျွန်တော်လေသူ့ကိုသိပ်ချစ်တာ"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏