မောင်တစ်ယောက်စံပယ်လမ်းထဲမှာဒယ်ဒီ့မိတ်ဆွေအိမ်ကိုပတ်ရှာနေတာအတော်ပင်ကြာနေပြီ။ အိမ်ရှာရသည်က ကိစ္စမရှိဒယ်ဒီက4နာရီခွဲအရောက်သွားရမယ်လို့မှာထားတာကို အိမ်ကထွက်လာတာနောက်ကျတာရယ် အခုလမ်းထဲမယ်အိမ်ရှာနေရတာရယ်ဆိုတော့5နာရီပင်ကျော်နေပြီ။
"ဟောဒီအပိုင်းကမုန့်စိမ်းပေါင်းတွေရမယ် မုန့်စိမ်းပေါင်းပူပူလေး"
"အန်တီကြီး ဒီလမ်းထဲမှာ မာလာရိပ်ခြံဆိုတာဘယ်နားမလဲဟင် သားရှာနေတာရှာလို့မရလို့ သိရင်သားကိုလမ်းညွန်ပေးလို့ရမလားဗျ"
မောင်လည်းအိမ်ရှာမရသည့်အဆုံးမုန့်စိမ်းပေါင်းလည့်ရောင်းတဲ့အန်တီကြီးကိုအကူညီတောင်းရတော့သည်
မောင်ထိုသူနဲ့ဘယ်လောက်ဘဲစာမသင်ချင်ဘူးဆိုစေဦးပထမရက်တော့အချိန်မီရောက်ဖြစ်မယ်မလား အခုများတော့အိမ်ပတ်ရှာနေရတာနဲ့တင်နောက်ကျနေပြီ။
"ဟိုး...ကသုံခြံမြောက်ကအိမ် သစ်ခွခြံ သပြေခြံ ပြီးရင် သားပြောတဲ့မာလာရိပ်ရောက်ပြီ "
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ"
"ဟောဒီအပိုင်းကမုန့်စိမ်းပေါင်းပူပူလေးရမယ်"
မောင့်ကိုလမ်းညွန်ပြီးသည်နှင့်အန်တီကြီးကမုန်းစိမ်းပေါင်းအော်ရောင်းကာသွားလေပြီ။တွေ့ပါပြီ* မာလာရိမ်/အိမ်အမှတ်၁၆၀*
ဟူး.....တော်ပါသေးတယ်ဒီနေ့တွေ့လို့အနည်းငယ်သာဟထားခြံတံခါးကိုဖွင့်မည်ပြုတော့
"ဝုတ်..ဝုတ်..."
"မေမေရေခွေးကြီး"
မောင့်ရဲ့အရှေ့ကိုလာနေတဲ့ခွေးကြောင့်မောင်တစ်ယောက်ငယ်သံပါအောင်အော်ပါတော့၏
"ညိုကြီးဒီကိုလာ"
မောင့်အသံကြားလို့ထင်ပါရဲ့သုံးနှစ်အရွယ်ကလေးမလေးကိုချီထားတဲ့အမကမောင့်ဆီလာနေတဲ့ခွေးကိုအသံပေးကာခေါ်ပြီးမောင့်ကိုပြုံးပြလား၏ ကြည့်ရတာတော့မောင်စာသင်ရမယ်ဆရာ့အမျိုးသမီးဖြစ်မယ်ထင်ပါရဲ့
"ကလေးကဒေါနမောင်လား"
"ဟုတ်ကဲ့ဗျ"
"အိမ်ထဲမယ်အကိုကြီးစောင့်နေတယ်ဝင်သွားလိုက်နော် အမလိုက်မပို့တော့ဘူး"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏