"ရောက်တုန်းရောက်ခိုက်လေးသင်္ကြန်
ပြီးမှပြန်ပါလား။ငါ့တူ မကြာခင်ဘဲသင်္ကြန်ကျတော့မယ်""ကျွန်တော်လည်းနေချင်ပါတယ်ဗျာ ဒါပေမယ့် ဟိုမှာအလုပ်ကိစ္စတွေကတန်းလန်းကြီးထားခဲ့ရတော့ ပြန်မှရမယ်၊ဘကြီးညွန့်"
"ငါ့တူကတော့အလုပ်နဲ့ပတ်သက်ရင် နည်းနည်းလေးမှအတိမ်းစောင်းမခံဘူးဘဲကွ..အဲ့စိတ်ကလေးကကောင်းသကိုး"
"အဲလိုတော့လည်းမဟုတ်ပါဘူးဘကြီးညွန့်ရယ် အငယ်ကောင်သစ်ထွေးကနှစ်သစ်ကူးပြီးမှပြန်လာမယ်ဆိုလာပြန်တော့ ကျွန်တော်က အလုပ်မှာဂရုတစိုက်ရှိနေမှရမှာမို့ပါဗျာ"
"ကောင်းပါပြီကွယ်ဒါဖြင့်မပြန်ခင်သူငယ်ချင်းနှစ်ယောက်သားအေးဆေးစကားပြောကြဦး"
"ဟုတ်ကဲ့ဘကြီးညွန့်"
"အေအေး ဘကြီးလည်းသွားနားတော့မယ်ကွဲ့"
ဘကြီးညွန့်ကတော့ပြောပြောဆိုဆိုနဲ့အိမ်ထဲကိုဝင်သွားလေ၏ တိုးခိုင်မန္တလေးကိုတာဝန်စကျတုန်းကဆို နေရစားရအခက်ခဲဖြစ်တော့ သာထူးနဲ့ဘကြီးညွန့်ကတာအစစအရာရာကရုစိုက်ပေးခဲ့တာမို့ တိုးခိုင်အတွက်တော့မိသားစုလိုဖြစ်နေခဲ့၏
"အဘက အ့လိုဘဲငါ့ကောင်ရေ"
"မင်းမန္တလေးကနေပြောင်းသွားတာသိတုန်းကဆို သူ့အသိမပေးရကောင်းလားဆိုပြီးငါ့ကိုတစ်လလောက်စကားပြောဘူးကွ"
"ငါလဲအဲ့တုန်းကအလောတကြီးဖြစ်နေတော့ ဘကြီးညွန့်ကိုသေချာမနှုတ်ဆက်သွားခဲ့ရဘူး"
"ငါသိပါတယ်ကွာ"
"မင်းတို့ကရောဘယ်တော့ယူကြမှာလဲသာထူး အချိန်ဆွဲနေလို့မကောင်းဘူးနော်မဒီလွင်အတွက်လည်းထည့်တွေးဦး"
"မဒီနဲ့ကအရင်စေ့စပ်ထားပြီး မာဟာတန်းဘွဲ့လွန်တက်ပြီးမှလက်ထပ်ဖို့တွေးထားတယ်။"
"အေးပါ မဒီလွင်ကိုတော့လက်မလွတ်စေနဲ့သူ့လိုအမျိုးကောင်းသမီးရဖို့ကရှားသွားပြီနော်"
"ငါတို့ကိုစိတ်မပူနဲ့ မင်းသာအရင်စွံအောင်လုပ်ဦး။ကိုယ့်လူ တော်ကြာဂေါ်မစွံကြီးဖြစ်နေမယ်"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏