"ကဲ့ကိုကိုကြီနဲ့လမ်းလျှောက်ထွက်
ကြမယ်ကီကီရေ""အူး....."
"ကီကီအပျင်းမကြီးနဲ့လေ သွားမယ်
ကီကီမင်းက ကြာလေအပျင်းကြီးလေဖြစ်လာပြီသိရဲ့လား"ဝေယံပြောနေပေမယ့် ကီကီကတော့ဝေယံ့ကိုဂရုမစိုက်သည့်အလား အမှီးတောင်မလုပ်ခဲ့
"တကယ့်အဆိုးလေးဖြစ်လာပြီကီကီ"
"ဝုတ်...ဝုတ်"
ဝေယံတစ်ယောက်သူ့ကိုတစ်ခွန်းမကျန်ပြန်စွာနေတဲ့ကီကီကိုကြည့်ပြီးပြုံးလိုက်မိ၏ အမွေးညိုရောင်ကလေးနဲ့ကီကီက အလွန်ကိုချစ်ဖို့ကောင်းလှသည် အရင်ရက်တွေက ဝေယံလမ်းလျှောက်ထွက်တိုင်း အနောက်ကနေတကောက်ကောက်လိုက်တတ်တဲ့ ကီကီဒီနေ့တော့အပျင်းကြီနေလေပြီ
"ကောင်းပြီလေကီကီက ကိုကိုကြီးနဲ့မလိုက်ချင်ဘူးဆိုတော့လည်း ဟိုဘက်တစ်ခြံကျော်က မိုဂျူကိုဘဲခေါ်သွားတော့မယ်ကွာ"
"နေခဲ့တော့ကီတွန်လေးရေ"
"ဝုတ်...ဝုတ်"
"မိုဂျူ့ကိုမခေါ်စေချင်ရင်လာလေ သွားမယ်"
ထိုအခါမှခြူသံတစ်ချွင်ချွင်နဲ့နဲ့ဝေယံအနားကိုးပြေးလာခဲ့၏
"မင်းကတကယ့်ကောင်ဘဲကီတွန် ခုနကမသွားချင်ဘူးဆိုပြီးပေနေပြီးတော့"
"အူး...."
"ဒါကစိတ်ကောက်သွားတာလားကီတွန်"
ဝေယံစကားကိုဂရုမစိုက်သလိုဟို့လည့်လည့်လုပ်နေတဲ့ကီတွန့်ကိုကြည့်ပြီးဝေယံအသဲတွေယားလာရ၏ ကီတွန်မင်းကတကယ်ကောင့်ဘဲ
"နေဘာဦး..ကိုကိုကြီရေသောက်ဦးမယ်လေ"
"ဝုတ်...ဝုတ်..."
"ကဲ့လာပါပြီဗျာ"
"ဂိုးမယ်"
အရှေ့ကနေပြေးသွားနေတဲ့ ကီကီ့နောက်ကိုဝေယံအမှီပြေးလိုက်နေရ၏။ တကယ်တော့ကီကီလေးဝေယံ့ဆီရောက်လာသည်မှာ တစ်ပတ်ကျော်ခန့်သာရှိသေး၏ လူသိပ်ပြီးမကတ်တဲ့ကီကီက အိမ်မှာဆိုဝေယံကိုသာကတ်နေပြီး အမီးငယ်နဲ့ဆို ခနခနရန်ဖြစ်နေတတ်၏ ပိုင်ရှင်အစစ်ပေါ်လာလျှင်ပြန်ပေးရမှာတောင်နှမျောလှ၏
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏