အရေးပေါ်ခန်းရှေ့မှာအသိစိတ်မဲ့အသက်မဲ့ပြီးသွေးပျက်စွာနဲ့ဂယောင်ခြောက်ခြားဖြစ်နေတဲ့ဘော့စ်ကိုကြည့်ပြီးသုတအတော်လေးစိတ်မကောင်းဖြစ်မိ၏။ ဒါကြောင့်မို့သုတသတိပေးဖို့လုပ်ခဲ့တာဘာ။ ဒီလိုတွေဖြစ်လာမှာဆိုးလို့ ဒါပေမယ့်ခေါင်းသိပ်မာတဲ့ဘော့စ်ကဒီ
5နှစ်6နှစ်အတွင်းမှာဘယ်လိုစိတ်နဲ့များ ဒီလောက်ထိဟန်ဆောင်ဖုံးကွယ်
ထာခဲ့တာပါလိမ့်"ကိုလင်း...ဘယ်လိုဖြစ်ရတာလဲ"
"လွှာငါ့ကလေးလေးကိုကယ်ပေးပါ အမောင့်ကိုကယ်ပေးပါ"
လွှာတစ်ယောက်ကိုလင်းပုံစံကိုကြည့်ပြီးစိတ်မကောင်းတကယ်ဖြစ်ရသည်
"ကိုလင်းစိတ်ကိုငြိမ်ငြိမ်ထားနော် ငါတို့အကောင်းဆုံးကြိုးစားပေးပါ "
လွှာအရေးပေါ်ခွဲစိတ်ခန်းထဲဝင်သွားသည်အထိတိုးခိုင်ထိုနေရာကနေမရွှေ့ကျောက်ရုပ်အလားစိတ်လွင့်စွာရပ်နေမိသည်
"ခွပ်..ခွပ်.."
ရုတ်တရက်တိုးခိုင်ရဲ့မျက်နှာပေါ်ကျရောက်လာတဲ့ထိုးချက် ဘယ်သူလဲဆိုတာသိနေပြီးသားမို့တိုးခိုင်ဘာမှပြန်မလုပ်ဘဲသာငြိမ်ခံနေလိုက်တော့၏။
"အငယ်အခုလိုဖြစ်ရတာခများကြောင်"
"ခွပ်..ခွပ်"
"ဟဲ့..ဟဲ့..ထိုးကုန်ပြီဝိုင်ဆွဲကြပါဦး"
"ကိုထွန်းမြတ် ရှင်လိုက်ပြီးကြောင်ကြည့်မနေနဲ့သားဇေကိုဆွဲလေ"
"ကိုယ်တောင်းပန်ပါတယ်အမောင်ကကိုယ့်ကြောင့် ကိုယ့်ကြောင့်မို့အခုလို"
"ဟုတ်တယ်..ခများကြောင့်ခများကြောင့်အငယ်ကအခုလိုဖြစ်ရတယ်"
"ခများကြောင့်အငယ့်ရဲ့မျက်ရည်တွေကိုမြင်ရတယ် ဒါတောင်မှအငယ်ကခများကိုအပြစ်မမြင်ခဲ့ဘူး။"
"ခများသူ့ကိုနာကျင်မူ့တွေပေးခဲ့တာတောင်မှ အငယ်ကအများကိုတစ်စက်
ကလေးမှအချစ်မရော့ခဲ့ဘူး။အငယ်ခများဘက်ကိုငဲ့ကြည့်ပေးတုန်းဘဲ။ဒါကို
တောင်မှ ခများကမကြေနပ်နိုင်သေးဘူးလား။အငယ့်ကိုဒီလောက်နာကျင်အောင်လုပ်ရရင်ခများကျေနပ်ပါတော့ဗျာ.."
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏