ဟင်ဒါဦးရဲ့ကားမလား မဟုတ်မှလွဲရောဦးပြန်ရောက်နေပြီလား ဟူး ဦးပြန်ရောက်တော့ရောငါကဘာလုပ်ရမှာလဲ လူကိုပြောတော့အနည်းဆုံးနှစ်ပတ်အကြာဆုံးနှစ်လဆိုပြီး အခုဖြင့်နှစ်လတောင်ကျော်နေပြီကို အမြင်ကပ်တယ် လူကြီးဖြစ်ပြီးစကားမတည်ဘူး။
"ဟွန့်...ဘုတ်"
"အ့..အာလားလားနာတာ ္ိုးမကားဘီး"
မောင်တစ်ယောက်စိတ်ပေါက်ပေါက်နဲ့ဦးခိုင်ရဲ့ကားဘီးကိုကန်လိုက်တော့ ပြန်ရလိုက်သည် ကခြေတောက်နာသွားတာပင် မောင်ကတော့ထုံးစံမပျက်နှုတ်ခန်းကခတ်စူစူနဲ့ ကားဘီးကိုမျက်စောင်း
ထိုးပြီးအိမ်ထဲဝင်ခဲ့လေ၏ သူ့အသားမနာစေမဲ့အရာဝတ္ထုပစ္စည်းဆိုရင်တော့ ခနခနပိတ်ကန်ပစ်မှာအသေခြာပင်။ အိမ်ထဲရောက်သည်နှင်မြင်လိုက်ရသည်ကမမကြီးနဲ့စကားပြောရင်းပြုံးရွှင်နေတဲ့ဦးရဲ့မျက်နှာကိုပင် ဘာရယ်ကြောင့်မသိ
မမကိုပြုံးပြနေတဲ့ ဦးကိုမြင်ရတာမောင်ရင်ထဲနာကျင်စေ၏ မောင်ဆက်မကြည့်နိုင်တော့သလိုစိတ်ထဲနေရခက်လာတာမို့မမကြီးလက်ထဲ ခနောထုပ်ထည့်ပေးပြီးခြံထဲက်ုသာပြန်ထွက်လာခဲ့မိ၏"ကိုတိုးခိုင်စိတ်ထဲမထားနဲ့နော် အမောင်ငယ်ကအ့အတိုင်းဘဲ"
"အင်း"
"ကိုယ်ခနလိုက်သွားဦးမယ် မြတ်လေး"
မမကြီးလက်ထဲ ခနော ထုပ်ထည့်ပေးတုန်း ဦးခိုင်ကမောင့်ကိုပြုံးပြခဲ့ပေမယ့် မောင်ဂရုမစိုက်ဘဲမသိသလိုတာထွက်လာခဲ့တာမို့ဦးခိုင်ဘယ်လိုကျန်နေခဲ့သလိုဆိုတာလည်းမောင်မသိလိုသိလည်းမသိချင်တော့ပေ မောင့်မျက်ဝန်းအစုံကိုမိတ်ချလိုက်တော့ ပါးပြင်ပေါ်စီးဆင်းလာတဲ့ပူနွေးနွေးမျက်ရည်စတွေ
"ဒေါနမောင်"
ဦးအသံကိုကြားလိုက်ရတာမို့ပါးပြင်ပေါ်ကမျက်ရည်တွေကိုခြောက်အောင်သုပ်ကာ ဦးခိုင်ရှိရာကိုမျက်နှာလည့်လိုက်ပြီး
"ဗျ...."
"ခုနကမင်းအမရှေ့မှာကိုယ့်ကိုဘာအချိုး ချိုးသွားတာလဲ"
"ကျွန်တော်ဘာလုပ်လို့လဲ"
"မင်းလုပ်ခဲ့တာမင်းသိ ချာတိတ်.... ဘာလဲကိုယ်ပြန်ထောက်ပြပေးနေရဦးမှာလား"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏