"အမောင် စာအုပ်တွေကျန်မယ်သေချာစစ်နော်"
"ဟုတ်ကဲ့ဦးခိုင်"
"ညနေကိုယ်လာကြိုမယ် "
မနေ့ကညနေဦးခိုင်ကမအားလို့ဆိုပြီး ကိုသုတလာကြိုသောကြောင့် ဒီနေ့ညနေတော့ဦးခိုင်ကိုယ်တိုင်လာကြိုမည်ဟုဆိုလာတော့မောင်ပျော်သွားရ၏
"ဟုတ်ကဲ့ဗျ"
"ရော့ဒါကမုန့်ဖိုး တွေ့ကရာဝယ်မစားနဲ့ နုငယ်လည်းပူတင်းလုပ်ပေးလိုက်တယ်ပြောတယ် အ့တာစား ဗိုက်နာမယ့်အစားအစာတွေဝယ်မစားနဲ့ချာတိတ်"
ဦးခိုင်ကအမောင့်ကိုသူငယ်တန်းကလေးများမှတ်နေသလားမသိ ကျောင်းသွားတိုင်း ကလေးတွေကိုမုန့်ဖိုးပေးသလိုပေးတတ်ပြီး ဟိုဟာမစားနဲ့ဒီဟာမစားနဲ့တွေ့ကရာဝယ်မစားနဲ့ဟုမှာတမ်းခြွေသည်မှာ နေ့တိုင်းလိုပင်ဖြစ်နေတော့သည်
"ချာတိတ်ကသူငယ်တန်းကလေးမဟုတ်မှန်းကိုယ်သိတယ် "
"အခုလိုမှာနေရတယ်ဆိုတာက တွေ့ကရာဝယ်စားပြီး ဗိုက်နှာရင်ချာတိတ်ဘဲအလူးလဲခံရမှာ နောက်ပြီးဆယ်တန်းကဂရုစိုက်ရတယ် ဟုတ်ပြီလား"
ဦးခိုင်ကမောင့်အတွေးကိုသိသည့်အလား တစ်ခုမကျန်ပြန်ဖြေရှင်းချက်ပေးလာတာမို့အမောင်မျက်လုံးအဝိုင်းသားကလေးနဲ့သာကြည့်နေမိတော့၏
"ကိုယ်ချာတိတ်ကိုအရင်ကလည်း
ပြောပြီးပြီ ""ဘာကိုလဲဟင် ဦးခိုင်"
"ဟောဒီခေါင်းသေးသေးလေးနဲ့တွေးသမျှတွေက ဒီမျက်ဝန်းနက်နက်ကလေးမှာအကုန်ပေါ်တယ်ဆိုတာ"
ဦးခိုင်စကားကြောင့် အမောင်ခေါင်းကိုအမြန်ငုံ့ချလိုက်မိ၏ အမောင်စိတ်မလုံမလဲဖြစ်လို့ငုံချသည်ဆိုရင်ပိုမှန်လိမ့်မည်။
"ရှောက်မတွေးနဲ့ချာတိတ်စာကိုသာအာရုံစိုက်။ ကဲ့ဝင်တော့.. ကိုယ်မှာထားတာတွေမမေ့နဲ့စာကြိုးစား"
"ဟုတ်ကဲ့...."
တိုးခိုင်လည်းအမောင်အတန်းထဲဝင်သွားတာသေချာမှကုမ္ပဏီဘက်ကိုဦးတည်ကထွက်လာခဲ့တော့၏
"ဘောစ့်...ကျွန်တော်အကုန်ပြင်ဆင်ထားပြီးပါပြီ"
"အင်း...ဒါဆိုသွားမယ်"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏