26.

207 9 0
                                    

"ကျွန်တော်ဦးခိုင်ကိုချစ်တယ် "

"ချာတိတ်!"

"ဦးခိုင်ကိုကျွန်တော်ဘယ်လောက်ချစ်သလဲဆိုတာ ဘေးလူတွေအားလုံးတောင်သိနေမြင်တဲ့ဟာ။ ကျွန်တော့်စိတ်ကျွန်
တော့်အတွေးတွေအားလုံးကို သိနေတဲ့ဦးခိုင်က မရိပ်မိဘူးမသိဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့အရာလေ "

"ချာတိတ်.ကိုယ်လည်းမင်းကို ကိုယ့်ညီလေးတစ်ယောက်လိုချစ်ပါတယ်"

"ကျွန်တော်ကဦးခိုင်ကို ချစ်သူလိုချစ်တာဗျ"

"ဦးခိုင်ဆီကညီလေးတစ်ယောက်လိုသဘောထားတာမလိုချင်ဘူး"

"ချာတိတ်မင်းကငယ်ပါသေးတယ် ကိုယ့်ကိုချစ်တယ်ဆိုတာလည်းငယ်သေးလို့"

"ခနလေးဦးခိုင်ကျွန်တော်ကငယ်သေး
တာနဲ့ဘဲမချစ်ရတော့ဘူးလား"

"မတိမ်ဝင့်လွှာနဲ့ဦးခိုင်ကိုတွဲမြင်ရတိုင်းကျွန်တော်နာကျင်ရတယ်။ မတိမ်ဝင့်လွှာအတွက်ဆိုအချိန်တိုင်းအသင့်ရှိနေတဲ့ဦးခိုင်ကိုမြင်ရတိုင်း ဟောဒီရင်ဘတ်ကြီးကတစ်စစီကြွေမွသွားသလိုနာကျင်ရလွန်းလို့ရူးမတတ်နာကျင်ရလွန်းလို့ ကျွန်တော်ရှောင်နေခဲ့တာ။ဟုတ်တယ်တမင်ရှောင်နေခဲ့တာဗျ"

"ကိုယ်မင်းလိုကလေးကိုမချစ်ဘူးချာတိတ်"

"ဦးခိုင်ဘက်ကကျွန်တော့်ကိုမချစ်မှန်းသိနေတာမို့ထုပ်ပြောစရာလိုပါဘူးဗျ"

"မင်းကငယ်ပါသေးတယ်ကိုယ့်ကိုချစ်တယ်ဆိုတာကလည်းစိတ်ကစားရုံပါ"

"ဘာ!.."

"ဦးခိုင်ကျွန်တာ့်ကိုပြန်မချစ်လည်းကိစ္စမရှိဘူးဒါပေမယ့်ဦးခိုင်အပေါ်ထားတဲ့ကျွန်တော့်ရဲ့အချစ်တွေကိုတော့မစော်ကားနဲ့ဗျ"

"လွှာကကိုယ်နဲ့စေ့စပ်ထားတဲ့မိန်းခ
လေးကိုယ်လက်ထပ်မယ့်သူကလွှာတစ်ယောက်ဘဲရှိတယ်"

"မင်းကိုတစ်ဖက်သတ်နာကျင်စေမိတဲ့အတွက်ကိုယ်တကယ်စိတ်မကောင်းပါဘူးချာတိတ် ကိုယ့်ကိုကြာရင်မေ့သွားမှာပါ"

"တံခါးလော့စ်ဖွင့်ပေးပါ"

"မိုးရွှာနေတယ်မင်းအိမ်ကိုရောက်အောင်ကိုယ်လိုက်ပို့မယ်"

ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဥ်(ချစ်ခြင်းဖြင့်သီကြူးခဲ့သောမိုးစက်သံစဉ်)Where stories live. Discover now