"အမောင်...ဘောစ့်ကလာကြိုခိုင်းလိုက်တာ"
မောင့်မျက်နှာတစ်ချက်ပျက်ယွင်းသွားမိ၏ ဒီတစ်ခေါက်နဲ့ဆိုဦးအမောင်ကိုပြောထားတဲ့စကားမတည်တာ 5ကြိမ်မြှောက်ပင် အမောင်လည်းဘာစကားမှမဆိုတော့ဘဲအနောက်ခန်းမှာသာဝင်ထိုင်လိုက်တော့၏
"ဘော့စ်ကအမောင့်ကိုလာကြိုမလို့ပါဘဲ တိမ်ဝင့်လွှာကရေးကြီးကိစ္စရှိလိုအကူညီတောင်းတာနဲ့လိုက်သွားတာ"
"ရပါတယ်အမောင်ကြောင့်နဲ့ဦးခိုင်အလုပ်ပျက်မှာကိုသာ ဆိုးတာပါ"
သုတကတော့အနောက်ခန်းက ကလေးကိုကြည့်ပြီးစိတ်ထဲကနေမလိမ်တတ်ဘဲလိမ်နေတယ်ဟုသာဆိုမိတော့၏
"အမောင်အိပ်ချင်အိပ်လိုက်လေ အကိုရောက်မှနိုးပေးမယ်"
"ဟုတ်ကဲ့ကိုသုတ"
အမောင်အိပ်ခါးနီးမြင်လိုက်ရသည်ကအမောင့်နဲ့ဘေးကပ်ရက်ကဦးခိုင်ရဲ့ကားပင်အရှေ့မှာမီးပွိုင့်မိနေတာကြောင့် ဦးခိုင်တို့ကိုရှင်းလင်းစွာမြင်ရ၏ သူငယ်ချင်းပါဟုဦးခိုင်အမြဲပြောနေတဲ့မမလွှာကိုဖက်ထားတဲ့ဦးခိုင်ရဲ့ပုံရိတ်ကိုမြင်ရတာအမောင့်အတွက်နာကျင်ဖွယ်ရာအတိ
အမောင်ထိုမြင်ကွင်းကိုဆက်ကြည့်နိုင်စွမ်းမရှိတော့ပါလေ။နာကျင်နေတဲ့ရင်အစုံကဆက်မကြည့်တော့ဖို့သတိပေးနေခဲ့ပြီမဟုတ်လား
ကိုယ့်ဘက်ကနေ့စပြီးချစ်ကိုယ့်ဘက်ကနေတစ်ဖက်သတ်နာကျင်နေရတာတွေကို အမောင်မှထိမ်းချုပ်နိုင်စွမ်းမရှိဘဲ မချစ်မိအောင်ကြိုးစားပေမယ့် အမောင်မပိုင်တဲ့နှလုံးသားကအမောင့်စကားမှနားမထောင်ခဲ့ဘဲကို
ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်တွေကိုအမောင်မသုတ်ပစ်တော့ပါစီးဆင်းခွင့်သာပေးထားလိုက်တော့၏
ယောက်ကျားလေးတစ်ယောက်ဖြစ်ပြီး ငိုသလားလိုမေစခဲ့ရင်တော့အမောင်နှလုံးသား၊ရင်ခုန်ခြင်း၊နာကျင်ခြင်း အမောင့်မျက်ရည်စတွေဟာ ဦးတိုးခိုင်လင်းဆိုတဲ့သူတစ်ယောက်အတွက်တာဖြစ်တည်လာခဲ့သည်
ခနကြာတော့အမောင်ဟာပင်ပန်းမူ့မှတစ်ခနတာအနားယူအိပ်စက်သွားလေတော့သည်
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏