"ဦးခိုင်"
မောင် ခေါ်လိုက်တော့ဦးခိုင်မောင့်ကိုကျောပေးပြီးကရွှေဥဒေါင်းရဲ့တစ်သက်တာမှတ်တမ်းနဲ့အတွေးခေါ်များဆိုတဲ့စာအုပ်အထူကြီးက်ုဖတ်နေရာကနေမောင့်ဘက်ကိုလည့်ပြီးပြောဆိုသည့်အကြည့်နဲ့ကြည့်လာ၏
"အမောင်ဆယ်တန်းမှာ All,Dနဲ့အောင်ရင်ဦးခိုင်ဘာပေးမှာလဲ"
ချာတိတ်မေးလာတဲ့စကားကြောင့်တိုးခိုင်မျက်ခုံတစ်ဖက်ပင့်တက်သွားမိတယ် အိမ်မှာရှိသမျှလူတွေက တိုးခိုက်ကိုရှိန်ကြသလောက်ချာတိတ်ကတော့ တိုးခိုင်ကြောက်ပေမယ့်ကပ်ချွဲတတ်၏ အခုလည်းစာကျက်နေရာကနေဘယ်တွေအတွေးရောက်နေသည်မသိ ကျောင်းတောင်မှ မတက်ရသေးတဲ့ဆယ်တန်းကိုAll,Dနဲ့အောင်ရင်ဘာပေးလဲဆိုပါလား စာကျက်နေချိန်အာရုံလွင့်နေလို့ဆုဖို့လုပ်ပေမယ့် ဆယ်တန်းကျရင်All,Dနဲ့အောင်ကိုအောင်မှာဆိုတဲ့ယုံကြည့်ချက်အပြည့်နဲ့မျက်ဝန်းတွေကိုတွေ့လိုက်ရတော့ တိုးခိုင်မဆူရက်ပြန်။
"ဒီလိုဆိုတော့ ချာတိတ်ကတက်တောက်မတက်ရသေးတဲ့ဆယ်တန်းကိုAll,Dနဲ့အောင်မယ်လို့ယုံကြည်တယ်ပေါ့ ဟုတ်သလား"
"ဦးခိုင်ကလည်း နောက်နှစ်လသုံးလနေရင် အမောင်ကဆယ်တန်းတက်ရတော့မှာကို အများကြီးမှမလိုတော့ဘဲဟာ"
တိုးခိုင်မေးလိုက်ပြန်တော့ဆူပုတ်ပုတ်မျက်နာနဲ့ဖြေလာတဲ့ချာတိတ်ကြောင့်ရယ်ချင်မိသွား၏ သို့ပေမယ့်တိုးခိုင်မရီရဲ တိုးခိုင်ရီကြည့်ပါလား အမွေစိန်ကသူ့ကိုလောင်ပါတယ်ဆိုတဲ့စကားနဲ့စကားနာထိုလို့ပြီးတော့မည်မဟုတ်
"ကဲ့ဒါဖြင့်ချာတိတ်က ဘာလိုချင်သလဲ"
"အမောင်လိုချင်တာတော့ရှိတယ်ဒါပေမယ့်အဲ့တာမယူချင်သေးဘူး။ ဘာယူရမလဲသိဘူး"
"ဒါဖြင့်ချာတိတ်လိုချင်တဲ့ဟာကိုဖြေးဖြေးချင်းစဥ်းစားယူ အခုတော့စာထဲကိုအာရုံပြန်စိုက်မယ်စာလုပ်နေတုန်းအာရုံလွင့်တာမလိုချင်ဘူးနော်"
"ဟုတ်ကဲ့"
"ဦးခိုင်"
"ပြော......ချာတိတ်"
"အမောင် မာလကာသီးစားချင်တယ်"
"ဟုတ်ပြီကိုယ်သွားခူးပေးမယ် ဒါပဲမလား"
YOU ARE READING
General Fictionတချို့သောအချစ်မတ္တာတွေကနှုတ်ဖျားကထုပ်မပြောပေမယ့် မျက်ဝန်းအိမ်တွေနေတွေ့မြင်နိုင်၏